ဉီးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန
ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်သည့် ရက်စွဲ ၊
မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင်မှုမရှိစေရေး
၁။မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့်အမြန်နှုန်းထက်ပို၍ မောင်းနှင်မှုမရှိစေရေးအား တည်ဆဲမော်တော်ယာဉ်ဥပဒေ၊ မော်တော်ယာဉ်နည်းဥပဒေများအရ အောက်ပါအတိုင်း သတ်မှတ်ထားပါသည် -
(က) | တည်ဆဲမော်တော်ယာဉ်ဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ (က) တွင် "မော်တော်ယာဉ်ကို သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင်ခြင်း(သို့) သတ်မှတ်ထားသည့် အမြန်နှုန်းအောက် လျော့၍ မောင်းနှင်ခြင်းမပြုလုပ်ရ" ဟူ၍ ပြဌာန်းထားပါသည်။ |
(ခ) |
တည်ဆဲ ၁၉၈၉ ခုနှစ်၊ မော်တော်ယာဉ်နည်းဥပဒေများ၏ နည်းဥပဒေ ၁၄၃ တွင် အမြန်နှုန်း သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း သတ်မှတ်ပြဌာန်ထားပါသည် - |
နည်းဥပဒေ ၁၄၃။ (က) | လမ်းအခြေအနေကောင်းလျှင် သာမန်အားဖြင့် မြို့၏ နယ်နိမိတ်အတွင်း၌ မော်တော်ယာဉ်မောင်းနှင်မှု အမြန်နှုန်းကို တစ်နာရီလျှင် ၄၈ ကီလိုမီတာ (၃၀ မိုင်) ထက် ပို၍လည်းကောင်း၊ မြို့၏နယ်နိမိတ်ပြင်ပ၌ မြို့နယ်တစ်ခုနှင့်တစ်ခုကို ဆက်သွယ်ထားသည့်လမ်းမကြီးပေါ်တွင် တစ်နာရီလျှင် ၈၀ ကီလိုမီတာ (၅၀) မိုင်နှုန်းထက်ပို၍လည်းကောင်း မမောင်းရ။ |
နည်းဥပဒေ ၁၄၃။ (ခ) | နောက်တွဲပါသောယာဉ် (သို့မဟုတ်) မီးလောင်ပေါက်ကွဲတတ်သော ပစ္စည်းများ တင်ဆောင်သောယာဉ်အတွက် အမြန်နှုန်းကို မြို့၏နယ်နိမိတ်အတွင်း၌ တစ်နာရီလျှင် ၃၂ ကီလိုမီတာ (၂၀)မိုင်ထက်ပို၍လည်းကောင်း၊ မြို့၏နယ်နမိတ်ပြင်ပ၌ မြို့နယ်တစ်ခုနှင့်တစ်ခုကို ဆက်သွယ်ထားသည့် လမ်းမကြီးပေါ်တွင် တစ်နာရီလျှင် ၅၆ ကီလိုမီတာ (၃၅ မိုင်)ထက် ပို၍လည်းကောင်း မမောင်းရ။ |
နည်းဥပဒေ ၁၄၃။ (ဂ) | ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းထားသော တိုင်းဒေသကြီး/ပြည်နယ်အဆင့်ရှိ အဖွဲ့သည် လမ်းအခြေအနေအရ အမြန်နှုန်းများကို နည်းဥပဒေခွဲ(က)နှင့် (ခ)ပါ ပြဌာန်းချက်များအတွင်း လိုအပ်သလို သတ်မှတ်နိုင်သည်။ |
နည်းဥပဒေ ၁၄၃။ (ဃ) | မြို့၏နယ်နိမိတ်အတွင်း၌ နှစ်လမ်းမောင်းလမ်း၏ တစ်ဖက်တစ်ချက်တွင် ယာဉ်ကြော (၃)ခုစီရှိပါက လက်ဝဲစွန်းယာဉ်ကြောတွင် တစ်နာရီလျှင် ၆၄ ကီလိုမီတာ(၄၀)မိုင်အထိ မောင်းနှင်ခွင့်ပြုသည်။ |
နည်းဥပဒေ ၁၄၃။ (င) | ယာဉ်မောင်းသူသည် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မိမိယာဉ်ကို မမောင်းနှင်ရ။ |
၂။ မော်တော်ယာဉ်များ သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင်မှုမရှိရေး စီမံချက်အား မန္တလေးတိုင်း ဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် (၉.၆.၂၀၁၇)ရက်နေ့မှ (၃၁.၇.၂၀၁၇)ရက်နေ့အထိ ပညာပေးကာလအဖြစ် သတ်မှတ်၍ အသိပညာပေးခြင်း၊ စစ်ဆေးကြပ်မတ်ခြင်းများ တိုးမြှင့်ဆောင်ရွက်ပြီး (၁.၈.၂၀၁၇)ရက်နေ့မှ စတင်၍ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်များအား တည်ဆဲမော်တော်ယာဉ်ဥပဒေပြဌာန်းချက်များနှင့်အညီ စစ်ဆေးအရေးယူ ဆောင်ရွက်ရန် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ ညွှန်ကြားထားပါသည်။
|
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ၏ News များ
-
Mon 08 Oct 2018 21:52
-
Sun 02 Jul 2017 15:51