နိုင်ငံစီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်သော ဆင်းသုခမျိုးစေ့ ထုတ်ဧက(၅ဝ) စံကွက်ရိပ်သိမ်း အခမ်းအနား

နိုင်ငံစီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်သော ဆင်းသုခမျိုးစေ့ ထုတ်ဧက(၅ဝ) စံကွက်ရိပ်သိမ်း အခမ်းအနား

(၄-၈-၂၀၂၃) ရက်နေ့

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၄-၈-၂ဝ၂၃)ရက်နေ့ နံနက်ပိုင်း၌ မိတ္ထီလာခရိုင်၊ မိထ္ထီလာမြို့နယ်၊ ကွက်ငယ် အုပ်စု၊ ကွင်းအမှတ်(၈၂) ဇီးချိုကုန်းကျေးရွာ၊ ဦးပိုင် ၁ဝ၈ တောင်သူဦးနုမှ နိုင်ငံစီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်သော ဆင်းသုခမျိုးစေ့ ထုတ်ဧက(၅ဝ)အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ခရိုင် စိုက်ညှိအဖွဲ့များ၊ မြို့နယ်စိုက်ညှိအဖွဲ့များ ကွင်းဆင်း၍ စံကွက်ရိပ်သိမ်းဆောင်ရွက်ခဲ့ရာ တဧကလျှင် အဆိုဓါတ် (၁၂၃.၁၂)တင်း ထွက်ရှိခဲ့ပါကြောင်းနှင့် တောင်သူများအား မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ စနစ်တကျနှင့် အထွက်နှုန်းတိုးအောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား ခဲ့ပါသည်။