ပလပ်စတစ်ကင်းစင်ပပျောက်ရေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြခြင်း

ပလပ်စတစ်ကင်းစင်ပပျောက်ရေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြခြင်း

(၄-၈-၂၀၂၃) ရက်နေ့

၂ဝ၂၃ခုနှစ်သြဂုတ်လ(၄-၈-၂ဝ၂၃)ရက်နေ့ နံနက်ပိုင်း၌ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့၌၊ ရန်မျိုးအောင်ရပ်ကွက်၊ အ.ထ.ကကျောင်း(၂)အရှေ့ဘက်၊ ရန်ကုန်-မန္တလေးကားလမ်းမကြီးပေါ်မှ ကျောင်းသို့ လာရောက်ကြသည့် ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်အင်အား (၇ဝ) ဦးဖြင့် (ပလပ်စတစ်ကင်းစင်ပပျောက်ရေးလက်ကမ်းစာစောင်) များအား ဖြန့်ဝေပေးခြင်း လုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။