ဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်သည့် ရက်စွဲ ၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၈ ရက်။
အသိပေးဖိတ်ခေါ်ခြင်း
မန္တလေး ချမ်းအေးသားစံမြို့နယ်၊ ၇၂လမ်းနှင့် ၇၃လမ်းကြား၊ လမ်း ၃၀နှင့် ၃၁လမ်းကြားရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် မင်္ဂလာဈေးကြီးအား အသစ်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် Master Plan (၂)မျိုးဖြင့် လျာထားဆောင်ရွက်သွားမည်ဖြစ်သည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အကျိုးတူစနစ်ဖြင့် တည်ဆောက်သွားမည်ဖြစ်၍ စိတ်ပါဝင်စားသော ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် Master Plan (၂)မျိုးပေါ်တွင် အခြေခံ၍ Expression of Interest (EoI) အဆိုပြုလွှာများကို ၈-၁၂-၂၀၁၇ ရက်နေ့ နောက်ဆုံးထားတင်သွင်းနိုင်ပြီးအဆိုပါ မင်္ဂလာစျေးကြီး အသစ်ပြန်လည်တည်ဆောက်ရေးနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အဆောက်အအုံနှင့် ကုန်ရုံဌာနသို့ ဆက်သွယ်၍ ထုတ်ယူနိုင်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ပါသည်။
ဌာနမှူး၊ အဆောက်အအုံနှင့် ကုန်ရုံဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ