Scholar ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်မှု သတင်း

Scholar ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း

ကျင်းပပြုလုပ်မှု သတင်း

(၂၃-၈-၂၀၂၃)ရက်နေ့

၂ဝ၂၃ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းချိန်၌ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့၊ ပြည်တောင်ရပ်ကွက်၊ (၃) လမ်းရှိ scholar ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စာရေးဆရာများ အသင်း ဥက္ကဌ၊ အတွင်းရေးမှူးနှင့် စာရေးဆရာများ၊ ပညာရေးမှ ကျောင်းဆရာများ၊ ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား/သူများ စုစုပေါင်းအင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနား၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လူငယ်များစာဖတ်လေ့လာနိုင်ရေးနှင့် မိမိအတွက် အချိန်ကို အသုံးချနိုင်ရေး၊ နောင်တချိန် နိုင်ငံတာဝန်ထမ်းဆောင်နိုင်ရေးအတွက် ကြိုးစားကြရန် အသိပညာပေး အမှာစကားပြောကြားခြင်း၊ စာရေးဆရာအသင်း ဥက္ကဋ္ဌမှ ကာယ၊ ညဏ်န၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးရေးနှင့်လည်းကောင်း၊ ခရိုင်ပြန်ဆက်မှ လူငယ် စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များအား ဆွေးနွေးပြောကြား၍ ကိုယ်ပိုင်ကျောင်းအုပ်ကြီးမှ ကျေးဇူးတင်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးမှ ဦးဆောင်၍ လူငယ်နှင့်မူးယစ်၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တ ခေါင်စဉ်များအား ဆွေးနွေးဟောပြောခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား/သူများမှ မေးမြန်ချက်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။