စဉ့်ကူးမြို့နယ်၌ ဝါတွင်းကာလ ဥပုသ်နေ့တိုင်း ဘုံဆွမ်း လောင်းလှူခြင်း

စဉ့်ကူးမြို့နယ်၌ ဝါတွင်းကာလ ဥပုသ်နေ့တိုင်း ဘုံဆွမ်း လောင်းလှူခြင်း

(၁၆-၈-၂၀၂၃)ရက်နေ့

၂ဝ၂၃ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်၌ သပိတ်ကျင်းခရိုင်၊ စဥ့်ကူးမြို့နယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်းပြီး ဝါတွင်းကာလ ဥပုသ်နေ့တိုင်း ဘုံဆွမ်း လောင်းလှူခြင်းကို ဧရာအောင်မြေလမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ရာ စဥ့်ကူးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် ဝန်ထမ်းများ၊ အလှူရှင်များ စုစုပေါင်းအင်အား( ၇ဝ )ဦး တက်ရောက်ခဲ့ပြီး စဉ့်ကူးမြို့ပေါ်ရှိ ရဟန်း/သာမဏေ (၇၃)ပါးနှင့် သီလရှင်(၂၅)ပါး၊ စုစုပေါင်း(၉၈)ပါးအား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။