သံဃာတော်အပါး(၁ဝဝ)အား မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ဆွမ်းလောင်းလှူခြင်း

သံဃာတော်အပါး(၁ဝဝ)အား မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ဆွမ်းလောင်းလှူခြင်း

(၉-၈-၂၀၂၃) ရက်နေ့

၂ဝ၂၃ ခုနှစ် သြဂုတ်လ(၉)ရက်နေ့ နံနက်ပိုင်းမှစတင်၍ အမရပူရမြို့နယ်၊ စျေးချိုရပ်ကွက်၊ စစ်ကိုင်း-မန္တလေးလမ်း၊ ရုံးပေါင်းစုံရှေ့၌ အမရပူရမြို့နယ်အတွင်းရှိ သံဃာတော်အပါး(၁ဝဝ)အား မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ဆွမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဖြိုးအောင်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့များမှ ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ် ပစ္စည်း၊ ဝတ္ထုငွေအစုစုတို့အား လောင်းလှူပွဲပြီးစီးခဲ့ကြောင်း သိရသည်။