နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကျောင်းဝန်းအတွင်း စိမ်းလန်းစိုပြေရေး မိုးရာသီ အရိပ်ရ သစ်ပင်စုပေါင်းစိုက်ပျိုးပွဲ ကျင်းပပြုလုပ်သည့် အခမ်းအနား

နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကျောင်းဝန်းအတွင်း စိမ်းလန်းစိုပြေရေး မိုးရာသီ အရိပ်ရသစ်ပင် စုပေါင်းစိုက်ပျိုးပွဲ ကျင်းပပြုလုပ်သည့် အခမ်းအနား

(၉-၈-၂၀၂၃) ရက်နေ့

၂ဝ၂၃ ခုနှစ် သြဂုတ်လ(၉)ရက်နေ့ နံနက်ပိုင်း၌ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ သီလဝ(၃)ရပ်ရှိ နည်းပညာတက္ကသိုလ်(ရမည်းသင်း)ကျောင်း၊ ပင်မ(၃)ထပ်ဆောင်ရှေ့ရှိ မြေကွက်လပ်၌ ကျောင်းဝန်းအတွင်း စိမ်းလန်းစိုပြေရေး မိုးရာသီအရိပ်ရသစ်ပင် စုပေါင်းစိုက်ပျိုးပွဲ ကျင်းပပြု လုပ်ခဲ့ရာ သစ်ပင်စိုက်ပျိုးပွဲသို့ ရမည်းသင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုး၊ နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကျောင်းအုပ်ကြီး ဒေါက်တာ မြတ်သူနှင့် ဌာနမှူးများ၊ ကျောင်းသား/သူများ၊ ခရိုင်သစ်တောဦးစီးမှူးဦးသိန်းသန်းထွန်းနှင့် သစ်တောဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း အင်အား ၂ဝဝ ဦးခန့် တက်ရောက်ခဲ့ကြကြောင်းနှင့် ၎င်းနောက်သတ်မှတ် နေရာအသီးသီးတွင် (အရိပ်ရကြီးမြန်ဒေသသစ်မျိုး)များ ဖြစ်သည့် ကျွန်း၊ ခရေ၊ ကံ့ကော်၊ ပိတောက်၊ လုမ္ဗနီအင်ကြင်း၊ စိန်ပန်း၊ ဘုံသုံးဆင့်၊ တပေဘူတ၊ သရက်ပင်နှင့် မဟော်ဂနီပင် စုစုပေါင်း (၂၃၆)ပင်အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။