မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

၁၇ - ၈ -၂ဝ၂၃ ရက်နေ့

၂ဝ၂၃ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းအချိန်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၂)ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်စကားပြောကြားရာတွင် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နေမှုများ၊  ဘဏ္ဍာငွေအလေအလွင့်ပြုန်းတီးမှု မရှိစေရေး၊ လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်နေမှုများကို ပြောကြားပြီး စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးညီညီထွေးက  ဦးစီးဌာန၏  လုပ်ငန်းများဆောင်ရွက်နေမှုအား  မိတ်ဆက်ပြီး ၂ဝ၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကွင်းဆင်းစစ်ဆေးရန်ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။