မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးတွင် စတင်တာဝန်ထမ်းဆောင်သည့် အိန္ဒိယကောင်စစ်ဝန်ချုပ် H.E. Mr. Sundeep Kaushal အား လက်ခံတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးတွင် စတင်တာဝန်ထမ်းဆောင်သည့်

အိန္ဒိယကောင်စစ်ဝန်ချုပ် H.E. Mr. Sundeep Kaushal အား လက်ခံတွေ့ဆုံ

(၂၁-၈-၂၀၂၃)ရက်နေ့

         မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးတွင် ဩဂုတ်လ ၃ရက်နေ့မှ စတင်တာဝန်ထမ်းဆောင်သည့် အိန္ဒိယကောင်စစ်ဝန်ချုပ် H.E. Mr. Sundeep Kaushal အား ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၂)ထပ်ဆောင်အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။

          ထိုသို့လက်ခံတွေ့ဆုံစဉ် အိန္ဒိယကောင်စစ်ဝန်ချုပ် H.E. Mr. Sundeep Kaushal က ၎င်းသည် အင်ဂျင်နီယာတစ်ဦးဖြစ်ကာ Saudi Arabia နှင့် Cairo, Egypt တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုမန္တလေးမြို့အခြေစိုက်အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးတွင် စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ပါ၍ လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း ပြောကြားပြီး နှစ်နိုင်ငံကြား အချက်အချာကျသည့် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် ခရီးသွားလာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကိုပါ တစ်ဦးနှင့်တစ်ဦး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အိန္ဒိယကောင်စစ်ဝန်ချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။