ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
သတင်းထုတ်ပြန်သည့် ရက်စွဲ ၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၊ ၇ ရက်။
၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ
(၂၀၁၇ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ် ၄။)
၁၃၇၉ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ရက်
(၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၇ရက်)
မန္တလေးတိုင်းဒေသကြီးလွှတ်တော်သည် ဤဥပဒေကို ပြဌာန်းလိုက်သည်။)
အခန်း (၁) | ||
အမည်နှင့်အကျိုးသက်ရောက်သည့်ကာလ | ||
၁။ | (က) | ဤဥပဒေကို ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေဟု ခေါ်တွင်စေရမည်။ |
(ခ) | ဤဥပဒေသည် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အကျိုးသက်ရောက်စေရမည်။ | |
အခန်း (၂) | ||
နောက်ထပ်အသုံးစရိတ်များကို ခွင့်ပြုလျာထားပေးခြင်းနှင့် စီမံခန့်ခွဲခြင်း | ||
၂။ | (က) | မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီးအဆင့် ဦးစီးဌာနများ၊ မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် စပ်လျည်း၍ ဇယား (၁) နှင့် (၂) တို့တွင် ခွင့်ပြုထားသော သုံးငွေတို့အတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိနှင့်ယှဉ်တွဲဖော်ပြထားသော သက်ဆိုင်ရာ သုံးငွေများကို သုံးစွဲနိုင်သည်။ |
(ခ) | ပုဒ်မခွဲ (က)တွင် ခွင့်ပြုထားသည့် ဘဏ္ဍာငွေခွဲဝေသုံးစွဲခြင်းသည် ၂၀၁၇ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေအရ ခွင့်ပြုထားသည့် ဘဏ္ဍာငွေခွဲဝေသုံးစွဲခြင်းအပြင် နောက်ထပ်သုံးစွဲခြင်းဖြစ်သည်ဟု မှတ်ယူရမည်။ | |
၃။ | (က) | ပုဒ်မ ၂ပါ တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားတာဝန်ပေးအပ်သည့်သုံးငွေကို စီမံခန့်ခွဲရန် မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာပုဂ္ဂိုလ်အသီးသီးအား လွှဲအပ် ဆောင်ရွက်စေနိုင်သည်။ |
(ခ) | သုံးငွေကို စီမံခန့်ခွဲရာတွင် ဤဥပဒေပါ ပြဌာန်ချက်များ၊ ၂၀၁၇ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များ၊ သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။ |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
ဒေါက်တာဇော်မြင့်မောင်
ဝန်ကြီးချုပ်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုဇယားအား Download ချ ရယူပါ။ |