မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ
(၁) တိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
၁။ | မြို့နယ်၊ ခရိုင်နှင့်တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့့် ပုဂ္ဂလိက အသင်းအဖွဲ့ လုပ်ငန်းများ၏ စာရင်းအင်း အချက်အလက်များ ပေါင်းစပ်ညှိနှိုင်း၍ ဒေသန္တရဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲခြင်း၊ |
၂။ | နှစ်စဉ်ဒေသန္တရစီမံကိန်းများ၊ကာလတို(၅)နှစ် ဒေသန္တရစီမံကိန်းတို့ကို ပြည်သူဗဟိုပြုဖွံ့ဖြိုးမှုအတွက်ဖြစ်စေရန် ဒေသ၏လိုအပ်ချက်များ၊ ပြည်သူများ၏ လိုအပ်ချက်များ၊ ဒေသအလိုက် အနာဂတ်မျှော်မှန်းချက်များ ပါဝင်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ရေးဆွဲခြင်း ၊ |
၃။ | တိုင်းဒေသကြီး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ခရိုင်/မြို့နယ်များ အလိုက် လိုအပ်သည့် ဦးစားပေးကဏ္ဍများ၊ ဦးစားပေးအစီအစဉ်များရွေးချယ် ပြီး ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများရေးဆွဲခြင်း၊ |
၄။ | တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေရေးဆွဲ၍ တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြ အတည်ပြုချက်ရယူခြင်း၊ |
၅။ | လက်ရှိအသုံးပြုနေသော ၁၉၆၈ ခုနှစ်၊ အမျိုးသားစာရင်းအင်းစနစ်မှ ၂၀၀၈ ခုနှစ်၊ အမျိုးသားစာရင်းအင်းစနစ်သို့ ပြောင်းလဲရေးအတွက် သင်တန်းများ တက်ရောက်စေခြင်း၊ စမ်းသပ်စာရင်းရေးသွင်းခြင်းနှင့် လိုအပ်သည့်စစ်တမ်း များကောက်ယူခြင်း၊ |
၆။ | ဒေသန္တရစီမံကိန်း အကောင်အထည်ဖော်နိုင်မှုအခြေအနေကို လစဉ်၊(၃)လပတ် (၆)လပတ်၊ နှစ်ချုပ်အစီရင်ခံစာ ပြုစုခြင်း၊ စုစည်းသုံးသပ်ဆောင်ရွက်ခြင်း၊ |
၇။ | တိုင်းဒေသကြီးနှင့်ခရိုင်/မြို့နယ်အလိုက် သက်ဆိုင်သည့်စာရင်းအင်းများကို စုစည်းသုံးသပ်တင်ပြခြင်း ၊ |
၈။ | တိုင်းဒေသကြီး၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး၊ အခြေအနေကို ပြုစုတင်ပြခြင်း၊ |
၉။ | ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဉ်(၈)ရပ်ဆောင် ရွက်မှုအခြေအနေစာရင်း ပြုစုခြင်း၊ |
၁၀။ | တိုးချဲ့ဖွဲ့စည်းထားသော ဖွဲ့စည်းပုံနှင့်အညီ လိုအပ်သည့် ဝန်ထမ်းအင်အား၊ အိမ်ယာ၊ ရုံးခန်းများ၊ရုံးအသုံးအဆောင်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖြည့်ဆည်းနိုင်ရေး တင်ပြဆောင်ရွက်ခြင်း၊ |
၁၁။ | ဝန်ထမ်းအရည်အသွေး မြင့်မားစေရေးအတွက် သင်တန်းများပေးခြင်း၊ ဆွေးနွေးပွဲများ တက်ရောက်စေခြင်းများ ဆောင်ရွက်ခြင်း ၊ |
၁၂။ | နိုင်ငံတော်နှင့် အထက်အဖွဲ့အစည်းအဆင့်ဆင့်မှ အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း၊ |
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာနသည် အောက်ဖော်ပြ ပါဌာနများ၏ လုပ်ငန်းတာဝန်များကို ကြီးကြပ်ကွပ်ကဲ စီမံဆောင်ရွက်ရပါသည်-
စဉ် | ၀န်ကြီးဌာန | ဦးစီးဌာန |
(၁) | စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန | - စီမံကိန်းရေးဆွဲရေး ဦးစီးဌာန |
- ပြည်တွင်းအခွန်များ ဦးစီးဌာန | ||
- အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၅) | ||
- ပင်စင်ဦးစီးဌာန | ||
- အသေးစားငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန | ||
- ဗဟိုစာရင်းအင်းအဖွဲ့ရုံး | ||
- မြန်မာ့စီးပွားရေးဘဏ် | ||
- မြန်မာ့အာမခံလုပ်ငန်း | ||
- မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် | ||
- မြန်မာနိုင်ငံတော် ဗဟိုဘဏ် | ||
- ရသုံးမှန်းခြေ ငွေစာရင်းရေးဆွဲရေးဦးစီးဌာန | ||
- မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် | ||
- အကောက်ခွန်ဦးစီးဌာနရုံး | ||
- ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန(မန္တလေးရုံးခွဲ) |
website လိပ်စာ
|
|