ဆိပ်ကမ်းဆောက်လုပ်ခြင်း စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းအဆင့် ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံဆွေးနွေးခြင်းပြုလုပ်ခြင်း အခမ်းအနား

ဆိပ်ကမ်းဆောက်လုပ်ခြင်း စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းအဆင့် ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံဆွေးနွေးခြင်းပြုလုပ်ခြင်း အခမ်းအနား

(၂၂-၈-၂၀၂၃)ရက်နေ့

          ၂ဝ၂၃ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်၌ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဘုန်းတော်နိုင်ငံကျေးရွာအုပ်စု၊ လက်ရွေးကျေးရွာ၊ လက်ရွေးဆိပ်ကမ်း စီမံကိန်းရုံးတွင်မြင့် ရင်းနှီး မြုပ်နှံမှု ကုမ္ဓဏီလီမိတက်မှ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဘုန်းတော်နိုင်ငံ ကျေးရွာ အုပ်စုတွင် အကောင်ထည်အထည်ဖော်ဆောင်ရွက်မည့် ဆိပ်ကမ်းဆောက်လုပ်ခြင်း စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းအဆင့် ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံဆွေးနွေးခြင်းပြုလုပ် ခဲ့ရာ အဆိုပါအခမ်းနားသို့ အမရပူရခရိုင် စီမံခန့်ခွဲရေးအဖွဲ့(၁) ဒုတိယ ဗိုလ်မှူးကြီး ဝင်းကို၊ အဖွဲ့ဝင် (၂) ဦးစိုးဦး၊ အမရပူရ ဒုတိယခရိုင်ရဲမှူး ဝင်းဇော်၊ ခရိုင်လဝက ဦးစီးမှူး ဦးဇော်နိုင်မင်း၊ DWIR ဌာနမှ လက်ထောက်အင်ဂျင်နီယာ ဒေါ်ဖြိုးသန္တာအေး၊ ဘုန်းတော်နိုင်ငံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်သူရနှင့် ရာအိမ်မှူးများ ကျေးရွာအတွင်းရှိ ရပ်ကွက်သူ/ရပ်ကွက်သားများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။