မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခြင်း

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခြင်း

(၂၁-၈-၂၀၂၃)ရက်နေ့

          ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက် ၀၇၀၀ မှ ၁၀၃၀ ချိန်ထိ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ ၃၀×၃၁ လမ်းကြား၊ ၈၉ လမ်းရှိ ပြည်ကျော်စျေးအတွင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မန္တလေးတိုင်းဒေသကြီးဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးခဲ့ရာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စျေးနှင့်သားသတ်ဌာန၊ ဌာနမှူး ဦးသက်နိုင် ဦးစီး ဝန်ထမ်းများမှ ဆင်းရွှေလတ်ဆန် တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ပြည် (၈၄၀)၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် ပိဿာ (၅၀၀)၊ ကြက်ဥတစ်လုံးလျှင် (၂၄၅)ကျပ်နှုန်းဖြင့် အလုံးရေ (၁၁၉၀)၊ ဘဲဥတစ်လုံးလျှင် (၃၀၀) ကျပ်နှုန်းဖြင့် အလုံးရေ (၄၀၀)၊ ဝက်သားတစ်ပိဿာလျင် (၁၄၀၀၀)ကျပ်နှုန်းဖြင့် ပိဿာ(၁၀၀)၊ အမဲသားတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်နှုန်းဖြင့်(၁၀)ပိဿာ၊ တီလားဗီးယားတစ်ပိဿာလျှင် (၆၀၀၀) ကျပ်နှုန်းဖြင့် (၁၀)ပိဿာ၊ ငါးမုတ်တစ်ပိဿာလျှင် (၄၅၀၀)ကျပ်နှုန်းဖြင့် (၁၀)ပိဿာ၊ ငါးတန် တစ်ပိဿာလျှင် (၄၅၀၀)ကျပ်နှုန်းဖြင့် (၁၅)ပိဿာ၊ ငါးအုံတုံတစ်ပိဿာလျှင် (၇၀၀၀)ကျပ်နှုန်းဖြင့် (၁၅)ပိဿာ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၆၀၀၀)ကျပ်နှုန်းဖြင့် (၁၅)ပိဿာ၊ ငါးကြင်းဖြူ(မန္တလေး) တစ်ပိဿာလျှင် (၉၀၀၀)ကျပ်နှုန်းဖြင့် (၁၀)ပိဿာ၊ ကြက်သားတစ်ပိဿာလျှင် (၉၀၀၀)ကျပ်နှုန်းဖြင့် ပိဿာ (၃၀)၊ ဗူးသီးတစ်လုံးလျှင် (၅၀၀)ကျပ်နှုန်းဖြင့် အလုံး (၃၀)၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၈၀၀) ကျပ်နှုန်းဖြင့် အထုပ် (၅၀)၊ ဂေါ်ရခါးသီးတစ်လုံးလျှင် (၂၅၀)ကျပ်နှုန်းဖြင့် အလုံး (၅၀)၊ ခရမ်းချဉ်သီး တစ်ပိဿာလျင် (၂၀၀၀)ကျပ်ဖြင့် (၂၀)ပိဿာ၊ ပန်းဂေါ်ဖီတစ်ထုပ်လျင် (၈၀၀)ကျပ်ဖြင့် အထုပ် (၅၀) တို့အား ပြင်ပပေါက်စျေးများထက် (၄၀)ကျပ်မှ (၄၀၀၀)ကျပ်အတွင်း အထူးသက်သာသောနှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။