ပဲတီစိမ်း၊ နေကြာ၊ နှမ်းများ ထွန်ယက်စိုက်ပျိုးကြဲပက်နေမှုများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

ပဲတီစိမ်း၊ နေကြာ၊ နှမ်းများ ထွန်ယက်စိုက်ပျိုးကြဲပက်နေမှုများအား

ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

(၂၃-၈-၂၀၂၃)ရက်နေ့

          ၂ဝ၂၃ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းအချိန်၌ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် အတွင်း၌ လှပ်မြေများ ဖေါ်ထုတ်စိုက်ပျိုးနိုင်ရေး သပိတ်ကျင်းမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင် များသည် (၇)မိုင် ကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ ပဲတီစိမ်း၊ နေကြာ၊ နှမ်းများ၊ ထွန်ယက်စိုက်ပျိုးကြဲပက်နေမှုများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ကျန်လှပ်မြေဧကများ အပြည့်အဝ ဖော်ထုတ်စိုက်ပျိုးသွားနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။