၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၉ ရက်
Agencies ဆိုသည်မှာ ပြည်သူလူထုအား အစိုးရရုံးလုပ်ငန်းများကို တိုက်ရိုက် ဝန်ဆောင်မှုပေးနေသော ဝန်ကြီးဌာနများ လက်အောက်ရှိ ဦးစီးဌာနများကို ရည်ညွှန်းထား၍ ဦးစီးဌာနများအကြောင်းကို အချက်အလက်များဖြင့် တင်ပြထားခြင်း ဖြစ်ပါသည်၊၊
eServices ဆိုသည်မှာ အစိုးရ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူ မြန်ဆန်စေရန်အတွက် သက်ဆိုင်ရာ ဦးစီးဌာနများမှ ပြည်သူသို့ အွန်လိုင်းမှ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ပြုလုပ်ပေးထားသော ဝန်ဆောင်မှုများ ဖြစ်သည်။
Topics ဆိုသည်မှာ ပြည်သူများမှ အစိုရရုံးဌာနများတွင် ရယူနိုင်သော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော အချက်အလက်များကို သိရှိစေရန်နှင့် လျှောက်လွှာ ဖောင်များ ရယူနိုင်ရန်အတွက် ဖြစ်သည်။
Categories ဆိုသည်မှာ "ဝန်ကြီးဌာနများ" ကို ရည်ညွှန်းထားခြင်း ဖြစ်၍ ဝန်ကြီးဌာနများ၏ အဓိကလုပ်ငန်း တာဝန်များနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပါဝင် ဖွဲ့စည်းထားသော ဦးစီးဌာနများကို ဖော်ပြထားပါသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့
စဉ် | အမည် နှင့် ရာထူး | ဆက်စပ်ဝန်ကြီးဌာနများ (ပြည်ထောင်စု) |
၁။ | ဦးမျိုးအောင် ဝန်ကြီးချုပ် |
- ပြည်ထောင်စု တရားလွှတ်တော်ချုပ် -> တရားလွှတ်တော် |
၂။ | ဗိုလ်မှူးကြီးနေလင်းစိုး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး |
- ကာကွယ်ရေးဝန်ကြီးဌာန - ပြည်ထဲရေးဝန်ကြီးဌာန - နိုင်ငံခြားရေးဝန်ကြီးဌာန - ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန(၁)၊ (၂) - နယ်စပ်ရေးရာဝန်ကြီးဌာန - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန - လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန |
၃။ | ဦးကျော်ဆန်း စည်ပင်သာယာရေးဝန်ကြီး |
- တိုင်းဒေသကြီး စည်ပင်သာယာရေး |
၄။ | ဦးသိန်းဌေး စီးပွားရေးရာဝန်ကြီး |
- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန |
၅။ | ဦးရွှေဇင် သယံဇာတရေးရာဝန်ကြီး |
- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန - လျှပ်စစ်စွမ်းအားဝန်ကြီးဌာန - စွမ်းအင်ဝန်ကြီးဌာန - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန |
၆။ | ဦးအောင်ကျော်မိုး လူမှုရေးရာဝန်ကြီး |
- ပြန်ကြားရေး၀န်ကြီးဌာန - သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန - အလုပ်သမားဝန်ကြီးဌာန - အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန - တိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်မှုအောက်ရှိ (ကုန်တင်ကုန်ချ ကော်မတီရုံးနှင့် ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန) |
၇။ | ဦးအောင်ဇော်ဦး လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး |
- ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန - သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန - ဆောက်လုပ်ရေးဝန်ကြီးဌာန |
၈။ | ဦးစိုင်းနွမ် တိုင်းရင်းသားရေးရာဝန်ကြီး |
|
၉။ | ဦးမြင့်အောင် ဥပဒေချုပ် |
- ပြည်ထောင်စုဥပဒေချုပ်ရုံး |
၁၀။ | ဦးဝေဇင်ထွန်း အတွင်းရေးမှူး |
- တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အား တာဝန်ခံ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရုံးလုပ်ငန်းများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ဆက်သွယ်ဆောင်ရွက်သည့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာများ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးလုပ်ငန်းဆိုင်ရာများ |
Announcements & News
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အများပြည်သူသို့ သိစေလိုသော အသိပေးချက်များနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနများ၏ တင်ဒါခေါ်ယူချက်များ၊ အသိပေးချက်များအစရှိသည့် သတင်းများကို ကြည့်ရှုနိုင်ပါသည်။
၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၉ ရက်