မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး
မူဝါဒများ
တိုင်းဒေသကြီးလွှတ်တော်၏မူဝါဒများမှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) | အာဏာသုံးရပ်၏မူလပိုင်ရှင်ဖြစ်သောပြည်သူကိုဦးထိပ်ထား၍ခေတ်စနစ်နှင့်ကိုက်ညီသောဥပဒေများပြဋ္ဌာန်းရေး၊ |
(ခ) | ဥပဒေပြုရေးတာဝန်ကိုထမ်းဆောင်ရာတွင်လူမျိုးစွဲ၊ဒေသစွဲ၊ဝါဒစွဲမထားဘဲဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဆောင်ရွက်ရေး။ |
ရည်မှန်းချက်များ
တိုင်းဒေသကြီးလွှတ်တော်၏ရည်မှန်းချက်မှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) | တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးရရှိအောင်ဆောင်ရွက်ရန်၊ |
(ခ) | လွတ်လပ်ခြင်း၊ညီမျှခြင်းနှင့်တရားမျှတခြင်းတို့ကိုဖော်ဆောင်ရန်၊ |
(ဂ) | လွှတ်တော်ကိုယ်စားလှယ်များနှင့်တိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းများ၏အရည်အသွေးမြှင့်မားရေးအတွက်ဆောင်ရွက်ရန်၊ |
(ဃ) | တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းအချင်းချင်းပေါင်းစပ်ဆောင်ရွက်ရန်။ |
လုပ်ငန်းတာဝန်များ
တိုင်းဒေသကြီးလွှတ်တော်၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) | ပြည်သူလူထုကိုအပြည့်အဝကာကွယ်စောင့်ရှောက်သောဥပဒေများပြဋ္ဌာန်းနိုင်ရန်ခေတ်နှင့်မလျော်ညီတော့သည့်ဥပဒေများကိုပယ်ဖျက်ခြင်း၊ပြင်ဆင်ရေးဆွဲခြင်းနှင့်အသစ်ပြဋ္ဌာန်းခြင်းတို့ကိုဆောင်ရွက်ခြင်း၊ |
(ခ) | ပြည်သူ့အသံ၊ပြည်သူ့ဆန္ဒနှင့်ပြည်သူတို့၏မျှော်လင့်ချက်များအားအဆိုများ၊မေးခွန်များအဖြစ်ဖြင့်အုပ်ချုပ်ရေးမဏ္ဍိုင်နှင့်တရားစီရင်ရေးမဏ္ဍိုင်တို့ကိုတွန်းအားပေးဆောင်ရွက်ခြင်း၊ |
(ဂ) | တိုင်းဒေသကြီး၏အခွန်အကောက်၊ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေးကိစ္စရပ် များနှင့်စပ်လျဉ်း၍ပြည့်စုံမှန်ကန်သောဆုံးဖြတ်ချက်များရရှိနိုင်ရေးအတွက်ကော်မတီ၊ကော်မရှင်များဖွဲ့စည်းဆောင်ရွက်ခြင်း၊ |
(ဃ) | တိုင်းဒေသကြီးလွှတ်တော်၏ဆောင်ရွက်ချက်များကိုပြည်သူများသိရှိနိုင်စေရန် Website တွင်ထုတ်လွှင့်ခြင်းဖြင့်ဆောင်ရွက်ခြင်း၊ |
(င) | E-Government လုပ်ငန်းစဉ်ဖြစ်သည့်သတင်းအချက်အလက်နည်းပညာများ (Information Technology) အသုံးချနိုင်ရေးအတွက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ |
(စ) | ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုခေတ်မီဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကိုတိုင်းဒေသကြီးလွှတ်တော်၊ဒေသန္တရစီမံကိန်း၊အရအသုံးငွေစာရင်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီအနေဖြင့်ထိရောက်စွာပါဝင်ဆောင်ရွက်ခြင်း၊ |
(ဆ) | လွှတ်တော်လုပ်ငန်းများ၊လွှတ်တော်လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်လိုအပ်သည့်သတင်းအချက်အလက်များ၊နည်းပညာများဖြင့်ဝန်ဆောင်မှုပေးနိုင်ရေးအတွက်E-Library တည်ဆောက်ဆောင်ရွက်ခြင်း၊ |
(ဇ) | လွှတ်တော်ရုံးဝန်ထမ်းများ၏အရည်အသွေးများဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များဆောင်ရွက်ခြင်း၊ |
(ဈ) | တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအားပိုမိုကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်ရေးဆောင်ရွက်ခြင်း။ |
ရည်ရွယ်ချက်များ
တိုင်းဒေသကြီးလွှတ်တော်၏ရည်ရွယ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) | ခေတ်စနစ်နှင့်လျော်ညီသောဥပဒေများကိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီပြဋ္ဌာန်းနိုင်ရန်၊ |
(ခ) |
အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးမဏ္ဍိုင်များဖြောင့်မတ်မှန်ကန်မှုရှိရေးထိန်းညှိပေးရန်၊ |
(ဂ) | ပြည်သူများ၏လိုလားချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်ပေးရန်၊ |
(ဃ) | အခွန်အကောက်၊ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ပြည့်စုံမှန်ကန်သောဆုံးဖြတ်ချက်များရရှိရေးဆောင်ရွက်ရန်၊ |
(င) | လွှတ်တော်ရုံးဝန်ထမ်းများအနေဖြင့်ကိုယ်စားလှယ်များအားလိုအပ်သောဝန်ဆောင်မှုများပေးရန်။ |
တိုင်းဒေသကြီးလွှတ်တော်ဖွဲ့စည်းခြင်း
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုမြို့နယ်(၁)မြို့နယ်လျှင် (၂)ဦးကျစီရွေးကောက်တင်မြှောက်သည့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၅၆)ဦး၊နိုင်ငံတော်ရှိလူဦးရေစုစုပေါင်း၏ (၀.၁) ရာခိုင်နှုန်းနှင့်အထက်ရှိကြောင်း၊သက်ဆိုင်ရာကသတ်မှတ်ထားသောရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသောတပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၉)ဦး၊စုစုပေါင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၆)ဦးဖြင့်ဖွဲ့စည်းထားပါသည်။
ရုံးလိပ်စာ |
၉လမ်း၊ ၇၀x၇၃လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။ |
|
ဆက်သွယ်ရန်ဖုန်းနံပါတ် |
၀၂-၄၀၆၁၀၆၂၊ ၀၂-၄၀၆၁၀၈၄ |
|
Website | mandalayregionhluttaw.gov.mm | |
အီးမေးလ်လိပ်စာ | This email address is being protected from spambots. You need JavaScript enabled to view it. | |