Agencies

Agencies ဆိုသည်မှာ ပြည်သူလူထုအား အစိုးရရုံးလုပ်ငန်းများကို တိုက်ရိုက် ဝန်ဆောင်မှုပေးနေသော ဝန်ကြီးဌာနများ လက်အောက်ရှိ ဦးစီးဌာနများကို ရည်ညွှန်းထား ဦးစီးဌာနများအကြောင်းကို အချက်အလက်များဖြင့် တင်ပြထားခြင်း ဖြစ်ပါသည်၊၊

See More>>

eServices

eServices ဆိုသည်မှာ အစိုးရ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  လွယ်ကူ မြန်ဆန်စေရန်အတွက် သက်ဆိုင်ရာ ဦးစီးဌာနများမှ ပြည်သူသို့ အွန်လိုင်းမှ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ပြုလုပ်ပေးထားသော ဝန်ဆောင်မှုများ ဖြစ်သည်။

See More >>

Topics

Topics  ဆိုသည်မှာ ပြည်သူများမှ အစိုရရုံးဌာနများတွင် ရယူနိုင်သော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော အချက်အလက်များကို သိရှိစေရန်နှင့် လျှောက်လွှာ ဖောင်များ ရယူနိုင်ရန်အတွက် ဖြစ်သည်။

See More >>

Categories

Categories ဆိုသည်မှာ "ဝန်ကြီးဌာနများ" ကို ရည်ညွှန်းထားခြင်း ဖြစ်၍ ဝန်ကြီးဌာနများ၏ အဓိကလုပ်ငန်း တာဝန်များနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပါဝင် ဖွဲ့စည်းထားသော ဦးစီးဌာနများကို ဖော်ပြထားပါသည်။

See More>>

 

 

  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့

စဉ် အမည် နှင့် ရာထူး ဆက်စပ်ဝန်ကြီးဌာနများ (ပြည်ထောင်စု)
၁။ ဦးမျိုးအောင် 
ဝန်ကြီးချုပ် 

- ပြည်ထောင်စု တရားလွှတ်တော်ချုပ် -> တရားလွှတ်တော်
- ပြည်ထောင်စု ဥပဒေချုပ်ရုံး -> ဥပဒေချုပ်ရုံး
- ပြည်ထောင်စု ရာထူးဝန်အဖွဲ့ -> ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)
- ပြည်ထောင်စု လွှတ်တော်ရုံး ->တိုင်းဒေသကြီးလွှတ်တော်ရုံး
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး -> တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်ရုံး

၂။ ဗိုလ်မှူးကြီးနေလင်းစိုး
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
- ကာကွယ်ရေးဝန်ကြီးဌာန 
- ပြည်ထဲရေးဝန်ကြီးဌာန 
နိုင်ငံခြားရေးဝန်ကြီးဌာန
- ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန(၁)၊ (၂)
- နယ်စပ်ရေးရာဝန်ကြီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၃။ ဦးကျော်ဆန်း
စည်ပင်သာယာရေးဝန်ကြီး

- တိုင်းဒေသကြီး စည်ပင်သာယာရေး
- မြို့တော် စည်ပင်သာယာရေးကော်မတီ

၄။ ဦးသိန်းဌေး
စီးပွားရေးရာဝန်ကြီး

- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
- စက်မှုဝန်ကြီးဌာန
- စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
- ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာန
- ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး -> စာရင်းစစ်ချုပ်ရုံး
- ပညာရေးဝန်ကြီးဌာန
- ကျန်းမာရေးဝန်ကြီးဌာန

၅။ ဦးရွှေဇင်
သယံဇာတရေးရာဝန်ကြီး
- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
- လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
- စွမ်းအင်ဝန်ကြီးဌာန
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
၆။ ဦးအောင်ကျော်မိုး
လူမှုရေးရာဝန်ကြီး
ပြန်ကြားရေး၀န်ကြီးဌာန
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
အလုပ်သမားဝန်ကြီးဌာန
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
တိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်မှုအောက်ရှိ (ကုန်တင်ကုန်ချ ကော်မတီရုံးနှင့် ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန)
၇။ ဦးအောင်ဇော်ဦး
လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
၈။ ဦးစိုင်းနွမ်
တိုင်းရင်းသားရေးရာဝန်ကြီး

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၉။ ဦးမြင့်အောင်
ဥပဒေချုပ်
ပြည်ထောင်စုဥပဒေချုပ်ရုံး

၁၀။ ဦးဝေဇင်ထွန်း
အတွင်းရေးမှူး
- တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အား တာဝန်ခံ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရုံးလုပ်ငန်းများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ဆက်သွယ်ဆောင်ရွက်သည့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာများ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးလုပ်ငန်းဆိုင်ရာများ

 

Announcements & News

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အများပြည်သူသို့ သိစေလိုသော အသိပေးချက်များနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနများ၏ တင်ဒါခေါ်ယူချက်များ၊ အသိပေးချက်များအစရှိသည့် သတင်းများကို ကြည့်ရှုနိုင်ပါသည်။

 

s

ဦးစီးဌာန၊  ပြည်သူ့ကျန်းမာရေးဦးစီးဌာန

ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

သတင်းထုတ်ပြန်သည့် ရက်စွဲ ၊

  

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm 2009)

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm 2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ အထူးဦးစားပေးပြီး ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများနှင့် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက် ရှိပါသည်။

(၂၂-၇-၂၀၁၇) ရက်နေ့မှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးကုသဆောင်တွင် (Seasonal Influenza A (H1N1) pdm 2009) - Positive ဖြင့်ဆေးကုသမှုခံယူနေသော ဧရာဝတီတိုင်း ဒေသကြီးမှ အသက်(၄၃)နှစ် အရွယ် အမျိုးသားလူနာ(၁)ဦးသည် (၂၆-၇-၂၀၁၇) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ပြင်းထန်အဆုတ်ရောင်ရောဂါဖြင့် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

(၅-၇-၂၀၁၇) ရက်နေ့ မှ (၂၆-၇-၂၀၁၇) ရက်နေ့ထိ ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် သံသယ တုပ်ကွေးရောဂါ (၃၀၀) ဦးခန့်အနက်မှ (၁၀) ဦးသည် Seasonal Influenza A (H1N1) pdm 2009 – Positive တွေ့ရှိခဲ့ပါသည်။

(၁၉-၇-၂၀၁၇) မှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လတ်တလောပြင်းထန်အသက်ရှူ လမ်းကြောင်းပိုးဝင်ရောဂါ (Severe Acute Respiratory Illness) ဖြင့်လူနာ (၁၆) ဦးအား ကုသမှုပေးခဲ့ရာ ၎င်းတို့အနက် (၉) ဦးသည် Seasonal Influenza A (H1N1) pdm 2009 – Positive တွေ့ရှိခဲ့ပြီး (၃) ဦးသေဆုံးခဲ့ကြောင်း၊ အထွေထွေရောဂါဆေးရုံသစ်ကြီး (ရန်ကုန်) တွင် လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ (Severe Acute Respiratory Illness) ဖြင့်လူနာ (၂) ဦးအားကုသမှုပေးခဲ့ရာ ၎င်းတို့အနက် (၁) ဦးသည် Seasonal Influenza A (H1N1) pdm 2009 – Positive တွေ့ရှိခဲ့ကြောင်း၊ (၁၄-၇-၂၀၁၇) ရက်နေ့မှစတင်၍ခုတင် (၅၅၀) ဆံ့ကလေးရောဂါအထူးကုဆေးရုံကြီး (ရန်ကင်း) တွင် လတ်တလောပြင်းထန်အသက်ရှူလမ်း ကြောင်းပိုးဝင်ရောဂါ (Severe Acute Respiratory Illness) လူနာ (၂) ဦးအား ကုသမှုပေးခဲ့ရာ ၎င်းတို့အနက် အနက် (၁) ဦးသည် Seasonal Influenza A (H1N1) pdm 2009 – Positive တွေ့ရှိခဲ့ကြောင်း၊ (၁၈-၇-၂၀၁၇)ရက်နေ့မှစတင်၍အထွေထွေရောဂါကုဆေးရုံကြီး (မြောက်ဥက္ကလာ) တွင်လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ (Severe Acute Respiratory Illness) ဖြင့်လူနာ (၁) ဦးအားကုသမှုပေးခဲ့ကြောင်းနှင့် ယနေ့အထိ ရန်ကုန်မြို့ပေါ်ရှိ အထက်ပါ ဆေးရုံကြီးများတွင် လတ်တလောပြင်းထန်အသက်ရှူ လမ်းကြောင်းပိုးဝင်ရောဂါ (Severe Acute Respiratory Illness) ဖြင့် စုစုပေါင်းလူနာ (၂၁) ဦးအားကုသမှုပေးခဲ့ရာ Seasonal Influenza A (H1N1) pdm 2009 - Positive စုစုပေါင်းလူနာ (၁၀) ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၃) ဦး သေဆုံးခဲ့ ကြောင်းသိရှိရပါသည်။

(၂၆-၇-၂၀၁၇) နေ့၊ ညနေပိုင်းအထိ တစ်နိုင်ငံလုံးတွင်ရရှိသော အချက်အလက်များအရ Influenza A (H1N1) pdm 2009 - Positive စုစုပေါင်းလူနာ (၂၀) ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၃) ဦး သေဆုံးခဲ့ကြောင်းသိရှိရပါသည်။

ပြည်သူလူထုအနေဖြင့် နေ့စဉ်ထုတ်သတင်းစာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာနှင့် Myanmar CDC facebook စာမျက်နှာများတွင် ထုတ်ပြန်ထားရှိသော ရာသီတုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေး နှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်သွားကြရန်၊ တုပ်ကွေးဆန်သောရောဂါ လက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ချင်းသတင်းပေးပို့ ကုသမှုခံယူရန်လိုအပ် ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ဆက်လက်သတင်း ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။

Web site Link www.moh.gov.mm
Social Link www.facebook.com/MyanmarCDC/