ပရိယတ္တိစာပေသင်ကြားနေသော ဆရာတော်အရှင်သူမြတ်များအား သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

ပရိယတ္တိစာပေသင်ကြားနေသော ဆရာတော်အရှင်သူမြတ်များအား

သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

(၁၀-၈-၂၀၂၃) ရက်နေ့

၂ဝ၂၃ ခုနှစ် သြဂုတ်လ(၁ဝ)ရက်နေ့ နေ့လည်ပိုင်းအချိန် မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊အမှတ် (၃)ရပ်ကွက်၊ “လေသာပရိယတ္တိစာသင်တိုက်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်များ လှူဒါန်းမှုဖြင့် ဝါဆိုဝါကပ် သီတင်းသုံးနေစဉ်ကာလအတွင်း ပရိယတ္တိစာပေသင်ကြားနေသော ဆရာတော်အရှင်သူမြတ်(၂၁)ပါးတို့အား ဝါဆိုသင်္ကန်းများ ဆက်ကပ် လှူခဲ့ကြောင်း သတင်းရရှိပါသည်။