ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် လက်ဝှေ့လူရွေးချယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် လက်ဝှေ့လူရွေးချယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

၁၅ - ၈ -၂ဝ၂၃ ရက်နေ့

၂၀၂၃ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်‌ ပေါင်းစုံအသက် (၂၅)နှစ်အောက် လက်ဝှေ့လူရွေးချယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ခြင်းအခမ်းအနားကို ၁၄ - ၈ -၂ဝ၂၃ ရက်နေ့ ညနေပိုင်းက ချမ်းအေးသာစံမြို့နယ် ဗထူးမိုးလုံလေလုံ အားကစားခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိ သူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များတက်ရောက်ခဲ့ကြပြီး ကီလိုတန်းအလိုက် ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

၎င်းနောက် ဆုရရှိသူများကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများချီးမြှင့်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုသိမ်ကြီးမြို့နယ်အသင်းမှ အကောင်းဆုံးအားကစား သမားဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ စုပေါင်းတံခွန်စိုက် ဆုရရှိသည့်မြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု ကျပ်(၅)သိန်းကို လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကီလိုတန်းအလိုက် ပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုတံဆိပ်များနှင့် ငွေသားဆုများ ကိုလည်းကောင်း ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။