၂ဝ၂၃ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံလက်ဝှေ့ လူရွေးချယ်ပြိုင်ပွဲ၌ ဆုရအားကစားများနှင့် တွေဆုံပွဲ

၂ဝ၂၃ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံလက်ဝှေ့ လူရွေးချယ်ပြိုင်ပွဲ၌ ဆုရအားကစားများနှင့် တွေဆုံပွဲ

(၁၆-၈-၂၀၂၃)ရက်နေ့

၂ဝ၂၃ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်၌ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေ မြို့နယ်၊ မဟာအောင်မြေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ (၂ဝ၂၃ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား) မြို့နယ်ပေါင်းစုံလက်ဝှေ့ လူရွေးချယ်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၁ဝ)ခု၊ ကြေးတံဆိပ် (၂)ခုဖြင့် စုပေါင်းတံခွန်စိုက်ဆု ရရှိခဲ့သော မဟာအောင်မြေမြို့နယ်မှ အားကစားသမားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့်ဦးနှင့် အဖွဲ့ဝင်များမှ တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကားပြောကြားခဲ့ပြီး ဂုဏ်ပြုဆုချီးမြှင့် ငွေ(၅)သိန်းကျပ်အား ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း သတင်းရရှိပါသည်။