ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်
ရက်စွဲ ၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၆ ရက်
၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ Coronavirus Disease 2019 (COVID-19) အား ကမ္ဘာ့ ကပ်ရောဂါတစ်ခုအဖြစ် သတ်မှတ်ကြေညာခဲ့ပြီးနောက် COVID-19 ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးတို့အတွက် မန္တလေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါသည်။
၂။ COVID - 19 ရောဂါနှင့်ပတ်သက်၍ WHO ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များအရ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သဖြင့် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းမှာ မိမိအိမ်တွင် နေထိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုမရှိခြင်းတို့ ဖြစ်ပါသည်။ မဖြစ်မနေ အပြင်သို့ သွားရောက်သည့်အခါတိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်၍ သွားရောက်ရန် လိုအပ်ပါသည်။
၃။ မန္တလေးတိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ၊ နိုက်ကလပ်၊ ကာရာအိုကေ/စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲများ၊ ဗွီဒီယိုရုံများ၊ ရုပ်ရှင်ရုံများ၊ တရားပွဲ/ စခန်းများ၊ ဘုရားပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ ရဟန်းခံရှင်ပြုပွဲများ၊ အခြားပွဲလမ်းသဘင်များ၊ လူမှုရေး လုပ်ငန်းများ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးပွဲများ ခေတ္တယာယီပိတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်း မပြုပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။
၄။ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်/မြို့/ရပ်ကွက်နှင့်ကျေးရွာများသို့ ပြည်ပနိုင်ငံ များမှ ပြန်လည်ရောက်ရှိသူများအားလုံး Community Based Facility Quarantine (၂၁)ရက်နှင့် Home Quarantine(၇)ရက် ထားရှိဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲ ဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။
၅။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် Coronavirus Disease 2019(COVID-19) ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူ ဖြစ်စေရန်အတွက် နေ့စဉ် ည(၁၂)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရ Curfew အမိန့်များကိုဆက်လက်ထားရှိဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူ ခြင်းခံရမည် ဖြစ်ပါသည်။
၆။ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်/မြို့/ရပ်ကွက်နှင့်ကျေးရွာများရှိ တန်ခိုးကြီး ဘုရားများ၊ စေတီပုထိုးများ ဖူးမြော်ခြင်းအား ခွင့်မပြုသေးပါကြောင်းနှင့် ဖူးမြော်ခွင့်တောင်းခံလာ ပါက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီထံ တင်ပြခွင့်ပြုချက်ရယူပြီး ခွင့်ပြုချက်ရရှိမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည် ဖြစ်ပါသည်။
၇။ သို့ဖြစ်ပါ၍ အများပြည်သူအနေဖြင့် COVID-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်ခြင်းလုပ်ငန်း များကို အမျိုးသားရေးအသွင်အဖြစ်မှတ်ယူပြီး လမ်းညွှန်ချက်များ၊ တားမြစ်ကန့်သတ်ချက်များကို (၁၆-၈-၂၀၂၀)ရက်မှစတင်၍ (၃၁-၈-၂၀၂၀)ရက်အထိ လိုက်နာဆောင်ရွက်ပေးပါရန်နှင့်(၁-၈-၂၀၂၀) ရက်တွင်ထုတ်ပြန်ခဲ့သည့် ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်အား ဤသတိပေးကြေညာ ချက်ဖြင့် လွှမ်းမိုးပယ်ဖျက်ပါကြောင်း ပြည်သူများသိရှိစေရန် အသိပေးကြေညာချက် ထုတ်ပြန်အပ်ပါသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရ