မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင်၊ ပင့်သံဃာတော်(၃၄၅)ပါးတို့အား ဝါးတွင်းကာလ(ဒုတိယအပတ်)သံဃာ့ဒါနဆွမ်းလောင်းလှူပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင်၊ ပင့်သံဃာတော်(၃၄၅)ပါးတို့အား ဝါးတွင်းကာလ(ဒုတိယအပတ်)သံဃာ့ဒါနဆွမ်းလောင်းလှူပွဲကျင်းပ

(၉-၈-၂၀၂၃) ရက်နေ့

၂ဝ၂၃ ခုနှစ် သြဂုတ်လ(၉)ရက်နေ့ မိတ္ထီလာခရိုင်၊ မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ အာရုံခံတန်ဆောင်းတွင် ဝါတွင်းကာလ ဒုတိယအပတ် အဖြစ် ကျောင်းတိုက်ပေါင်း (၃၁)တိုက်တို့တွင် ဝါဆိုကြသည့် သံဃာတော်(၃၄၅)ပါးတို့အား ဝါတွင်း ကာလ ဝါဆိုသီတင်းသုံးနေထိုင်စဉ် ဆွမ်း၊ ဆွမ်းဟင်း၊ ဘောဇဉ် အခက်အခဲမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ သမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့နှင့် ဒေသခံစေတနာရှင်အလှူရှင်များ စုပေါင်း၍ နံနက်(၉)နာရီအချိန်တွင် သံဃာ့ဒါန ဆွမ်း၊ဆွမ်းဟင်းများနှင့်ဘောဇဉ်များ ဆက်ကပ်လောင်းလှူခဲ့ ကြပါသည်။

ရှေးဦးစွာ ဆွမ်းရေစက်ချ အနုမောဒနာတရားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အလှူရှင်များ စုပေါင်း၍ မေဃဝတီမိုလ်းကောင်းကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တကသဖထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ခဲ့ကြကြောင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားကို ဆရာတော်ထံမှ သီလပေးတရားခံယူ၍ အမျှအတန်းများပေးဝေခဲ့ကြသည်။

ဆက်လက်၍ မြတ်စွာဘုရားအမှူးရှိသော ပင့်သံဃာတော် (၃၄၅)ပါးတို့အား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အလှူရှင်များစုပေါင်း၍ ဆွမ်း၊ ဆွမ်းဟင်းများနှင့် ဘောဇဉ်များ ဘောဇဉ်များ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်းနှင့် သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးတွင် ဆွမ်း၊ ဆွမ်းဟင်းများနှင့် ဘောဇဉ် များဆက်ကပ် လောင်းလှူခဲ့ကြသည်မှာ ယခုနှစ်တွင်(၆၄)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်းသိရပြီး ဝါတွင်းကာလ(၃)လတွင် အပတ်စဉ် ဥပုသ်နေ့တိုင်း လောင်းလှူသွားမည် ဖြစ်ကြောင်း သိရသည်။