(၇၇)နှစ်ကြိမ်မြောက် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား

(၇၇)နှစ်ကြိမ်မြောက် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား

(၁၅-၈-၂၀၂၃)ရက်နေ့

၂၀၂၃ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်း၌ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည် မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ၆၅x ၁၀၂(A) လမ်းဒေါင့်ရှိ မန္တလေးအခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးတွင် (၇၇)နှစ်ကြိမ်မြောက် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အိန္ဒိယကောင်စစ်ဝန်ချုပ် Mr.Sundeep Kaushal၊ ဒုတိယကောင်စစ်ဝန်ချုပ် Mr Kujit Singh နှင့် ဝန်ထမ်းများ၊ မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ်(MIIT)မှ ပါမောက္ခချုပ် ဒေါက်တာဝင်းအေးနှင့် ပါမောက္ခဌာနမှူးများ၊ မန္တလေးမြို့ပေါ်ရှိ အိန္ဒိယနွယ်ဖွားများ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ စုစုပေါင်းအင်အား (၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ အခမ်းအနားတွင် အိန္ဒိယကောင်စစ်ဝန်ချုပ် Mr.Sundeep Kaushalမှ နိုင်ငံတော်အလံအား လွှင့်တင်ခြင်း၊ အိန္ဒိယသမ္မတ နိုင်ငံသမ္မတမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ အိန္ဒိယ အကများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ အိန္ဒိယကောင်စစ်ဝန်ချုပ်မှကျေးဇူးတင်စကားပြောကြားခြင်း၊ အိန္ဒိယအစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခြင်များဆောင်ရွက်ခဲ့ပြီး အဆိုပါအခမ်းအနားအား နေ့လည်ပိုင်းချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။