အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ပူးပေါင်း၍ မူးယစ်ဆေးဝါး၊ သက်ငယ်မုဒိမ်းအကြောင်းနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ပူးပေါင်း၍ မူးယစ်ဆေးဝါး၊ သက်ငယ်မုဒိမ်းအကြောင်းနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

(၂၁-၈-၂၀၂၃)ရက်နေ့

          ၂၀၂၃ သြ ၂၁ ၁၀၃၀ အချိန်တွင် မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိ အရှေ့ရပ်ကွက်၊ အကွက်အမှတ်(၅၃၉)၊ ၈၂×၈၃ လမ်းကြား ၃၆×၃၇ လမ်းကြားရှိ အ.ထ.က(၁၃)ကျောင်းရှိ သိရိမင်္ဂလာခန်းမတွင် မဟာအောင်မြေမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ပူးပေါင်း၍ မူးယစ်ဆေးဝါး၊ သက်ငယ်မုဒိမ်းအကြောင်းနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဌေးဌေးလွင်နှင့် အဖွဲ့၀င်များ၊ မဟာအောင်မြေမြို့နယ်၊ ဒုမြို့နယ် ဥပဒေအရာရှိ ဒေါ်ခင်စိုးဝေ၊ အမှတ်(၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်ကိုကိုမျိုး၊ အမှတ်(၁၈) မူးယစ်တပ်ဖွဲ့စု(မန္တလေး)မှ ရဲမှူးနိုင်အောင်ခိုင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးသန်ဇင်စိုးနှင့်အဖွဲ့၊ အ.ထ.က(၁၃)မှ ကျောင်အုပ်ဆရာမကြီး ဒေါ်ခင်လုံးဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဌေးဌေးလွင်မှ အဖွင့်မှာစပြေားကြားခြင်း၊ မဟာအောင်မြေမြို့နယ်၊ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်စိုးဝေမှ သက်ငယ်မုဒိမ်း အကြောင်းအားလည်းကောင်း၊ အမှတ်(၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု ရဲအုပ်ကိုကိုမျိုးမှ လူကုန်ကူးမှုနှင့်ပတ်သက်သည့်အကြောင်းအရာများနှင့် ဥပဒေများအားလည်းကောင်း၊ အမှတ်(၁၈) မူးယစ်တပ်ဖွဲ့စု(မန္တလေး) ရဲမှူးနိုင်အောင်ခိုင်မှ မူးယစ်ဆေးဝါနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအကြောင်းတို့အား ရှင်းလင်းဟောပြောခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ချိုမာဦးမှ ကျေးဇူးတင်စကားပြောကြာခဲ့ပြီး (၁၁၄၅) အချိန်တွင် ဟောပြောပွဲအခမ်းအနားပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။