လမ်းပခုံးဝဲ/ယာ မြေသားထည့်ခြင်းလုပ်ငန်း အမြန်ပြီးစီးအောင် ဆောင်ရွက်စေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

လမ်းပခုံးဝဲ/ယာ မြေသားထည့်ခြင်းလုပ်ငန်း အမြန်ပြီးစီးအောင် ဆောင်ရွက်စေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

(၂၃-၈-၂၀၂၃)ရက်နေ့

          ၂ဝ၂၃ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ နေ့လည်ပိုင်းအချိန်၌ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ စည်ပင် သာယာရေးအဖွဲ့မှ ၂ဝ၂၃ - ၂ဝ၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက် လျက်ရှိသော ကျပ်သိန်း (၁ဝဝ)အောက် မြို့တွင်းရုံးလမ်း (၃၁၅' ×၁၂' ×ဝ'.၉") ကတ္တရာခင်းခြင်း လုပ်ငန်းနှင့် အမှတ် (၁၉)လမ်း ( ၂၉၀'× ၁၂' ×ဝ'.၉") ကတ္တရာခင်းခြင်း လုပ်ငန်း(၂)ခု၏ (၁ဝဝ%) ပြီးစီးခြင်းလုပ်ငန်းများ တင်ပြလာမှုအပေါ် မြို့နယ်တည်ဆောက်ရေးနှင့်စစ်ဆေးရေးကော်မတီအဖွဲ့မှ ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ပြီး (လမ်းပခုံးဝဲ/ယာ မြေသားထည့်ခြင်းလုပ်ငန်း) အမြန်ပြီးစီး ဆောင်ရွက် စေရေးနှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။