မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဦးဆောင်၍ စဥ့်ကူးမြို့ ဧရာအောင်မြေလမ်းမကြီးပေါ်တွင် အလှူရှင်များ စုပေါင်းပြီး ဘုံဆွမ်းလောင်းလှူခြင်း

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဦးဆောင်၍ စဥ့်ကူးမြို့ ဧရာအောင်မြေလမ်းမကြီးပေါ်တွင် အလှူရှင်များ စုပေါင်းပြီး ဘုံဆွမ်းလောင်းလှူခြင်း

(၂၄-၈-၂၀၂၃)ရက်နေ့

          ၂ဝ၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းအချိန်၌ သပိတ်ကျင်းခရိုင်၊ စဥ့်ကူးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်းပြီး ဘုံဆွမ်းလောင်းလှူခြင်းကို စဥ့်ကူးမြို့ ဧရာအောင်မြေလမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အလှူရှင်များ စုစုပေါင်း အင်အား(၆၂)ဦးမှ မြို့ပေါ်ရှိ ရဟန်း/သာမဏေ (၆၃)ပါးနှင့် သီလရှင်(၂၄)ပါး၊ စုစုပေါင်း(၈၇)ပါးအား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။