စမတောင်ကျောင်းတိုက်သို့ ပြင်ဦးလွင်တပ်နယ် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ဝင်များမှ ဆေးကုသမှုများ ဆောင်ရွက်ခဲ့ခြင်း

စမတောင်ကျောင်းတိုက်သို့ ပြင်ဦးလွင်တပ်နယ် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ဝင်များမှ ဆေးကုသမှုများ ဆောင်ရွက်ခဲ့ခြင်း

(၂၃-၈-၂၀၂၃)ရက်နေ့

၂ဝ၂၃ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းအချိန်၌ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ စမတောင်ကျောင်းတိုက်၌ ပြင်ဦးလွင်တပ်နယ် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ ဒုတိယ ဗိုလ်မှူးကြီး ဇင်းမင်းထွန်း(ခွဲစိတ်ကုသမှု ပါရဂူ)ဦးဆောင်သော အရာရှိ (၁၇)ဦး၊ အခြားအဆင့် (၁၁)ဦး၊ စုစုပေါင်း (၂၈)ဦးဖြင့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါနေရာသို့ ပြင်ဦးလွင် တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ပြည့်ဖြိုးဟန်တို့မှ လာရောက်ကြည့်ရှူ့အားပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။