မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးခြင်း

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးခြင်း

(၂၂-၈-၂၀၂၃)ရက်နေ့ 

          ၂ဝ၂၃ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်၌ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည် မြို့နယ်၊ မြရည်နန္ဒာရပ်ကွက် တန်ဖိုးနည်းအိမ်ယာ (၁၁၈) လမ်း၊ (၄၆) လမ်း၊ (၄၇) လမ်းတွင် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အဖွဲ့ဝင်(၁)ဦး၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မန္တလေးတိုင်းဒေသကြီးဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းမှ အင်အား(၁၆)စုစုပေါင်းအင်အား (၂၉)တို့ ပူးပေါင်း၍ ပြည်သူများအတွက်အခြေခံစားသောက်ကုန်များအားသက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ရာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စျေးနှင့်သားသတ်ဌာန၊ ဌာနမှူးဦးစီးဝန်ထမ်းများမှ ပြည်သူတို့အား ပြင်ပပေါက်စျေးများထက် အထူးသက်သာသောနှုန်းထားများဖြင့်ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။