မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း(မန္တလေးတိုင်းဒေသကြီးအသင်းခွဲ)မှ သက်သာသောနှုန်းထားဖြင့် ဆန်များ ရောင်းချပေးခြင်း

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း(မန္တလေးတိုင်းဒေသကြီးအသင်းခွဲ)မှ သက်သာသောနှုန်းထားဖြင့် ဆန်များ ရောင်းချပေးခြင်း

(၁၅-၈-၂၀၂၃)ရက်နေ့

၂၀၂၃ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်း မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၀×၃၁ လမ်းကြား၊ ၈၄ လမ်းရှိ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း (မန္တလေးတိုင်းဒေသကြီးအသင်းခွဲ) ရုံးရှေ့တွင် အဆိုပါ အသင်းမှ ကုန်စျေးနှုန်း တည်ငြိမ်ရေးအတွက် ဆန်များကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ရာ အသင်းခွဲ ဥက္ကဋ္ဌ ဦးဌေးလွင်နှင့် တာဝန်ရှိသူများမှ ဧည့်မထဆန် ပြင်ပပေါက်စျေး (၁)ပြည် (၃၅၀၀-၄၀၀၀)ကျပ်အား ၃ ပြည် (၁)အိတ်(၈၀၀၀)ကျပ်ဖြင့် လူတစ်ဦးလျှင် (၂)အိတ်နှုန်းအား အိတ်(၁၀၀၀) တိတိရောင်းချပေးခဲ့ကြောင်းနှင့် အဆိုပါအသင်းအနေဖြင့် ၂၀၂၃ သြဂုတ်လ(၁၆)ရက်နေ့တွင် အမရပူရမြို့နယ်၊ ဦးပိန်တံတားအနီးနှင့် ၂၀၂၃ သြဂုတ်လ(၁၇)ရက်နေ့တွင်လည်း ချမ်းမြသာစည်မြို့နယ်၊ သံလျက်မှော် တောင်ရပ်ကွက်ရှိ ဧရာထွန်းတိုက်တန်းတို့နှင့် အခြေခံလက်လုပ်လက်စားပြည်သူ အများဆုံးနေထိုင်ရာ နေရာများတွင် ဆက်လက်ရောင်းချပေးရန် စီစဉ်ထားရှိကြောင်း သတင်းရရှိပါသည်။