မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဦးဆောင်၍ သံဃနာယအဖွဲ့ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဦးဆောင်၍ သံဃနာယအဖွဲ့ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

(၂၄-၈-၂၀၂၃)ရက်နေ့

၂ဝ၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းအချိန်၌ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဌာနဆိုင်ရာစုပေါင်းရုံးဝန်းရှေ့ စစ်ကိုင်း-မန္တလေးလမ်းမကြီး ပေါ်၌ သံဃနာယအဖွဲ့ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ဝါဆိုဆရာတော်/ သံဃာတော်အပါး(၁ဝဝ)တို့အား ဆွမ်းလောင်းလှူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့မှ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယကအဖွဲ့ (တွဲဖက်အကျိုးတော်ဆောင်) (အတွင်းရေးမှူး) တို့အား ဝါဆိုသင်္ကန်းများ၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ လှူဒါန်းဆပ်ကပ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များနာကြားခြင်း၊ ငါးပါးသီလခံယူစောင့်တည်ခြင်း၊ ရေစက်ချအမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ပြီး ကြွရောက်လာသံဃာတော်များအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်း၊ ဝတ္ထုငွေအစုစု တို့အား လောင်းလှူခဲ့ပါကြောင်း သတင်းရရှိပါသည်။