မလွန်ဈေးဆန်လှူအသင်းမှ (၁၂၇)နှစ်မြောက် ဆွမ်းဆန်တော်များ လှူဒါန်းခြင်း

မလွန်ဈေးဆန်လှူအသင်းမှ (၁၂၇)နှစ်မြောက် ဆွမ်းဆန်တော်များ လှူဒါန်းခြင်း

(၂၄-၈-၂၀၂၃)ရက်နေ့

          ၂ဝ၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းအချိန်မှ ညနေပိုင်းအချိန်ထိ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၂ လမ်း၊ ၈၅×၈၆ လမ်းကြားရှိ မလွန်ဈေးဆန်လှူအသင်းမှ (၁၂၇)နှစ်မြောက်ဆွမ်းဆန်တော်များလှူဒါန်းခဲ့ရာ ဆွမ်းဆန်တော် အလှူခံ ကြမည့် အောင်မြေသာစံနှင့် ချမ်းအေးသာစံမြို့နယ်များရှိ (သုဓမ္မာ)ကျောင်းတိုက်အသီးသီးမှ သံဃာတော် ၂ဝဝ ပါးခန့် ကြွရောက်တော်မူကြပြီး အသင်းဥက္ကဋ္ဌ ဦးစိန်ဝင်း၊ အတွင်းရေးမှူး ဦးကြည်ဝင်းတို့နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များမှ သံဃာ(၁)ပါးလျှင် (၈)ပြည်ဝင်ခွဲအိတ်(၁)အိတ်ကျစီဖြင့် ရဟန်း၊ သာမဏေ၊ သူတော် (၁၀၈၂၁)ပါးအတွက် ဆန်အိတ်(၁၀၈၂၁)အိတ် လှူဒါန်းခဲ့ကြောင်းနှင့် မန္တလေး (၇)မြို့နယ်ရှိ သုဓမ္မာ၊ ရွှေကျင် ရဟန်း၊ သာမဏေ၊သူတော်နှင့် သီလရှင် စုစုပေါင်း လှူဒါန်းမည့် အရေ အတွက် (၄၉၁၈၆)ပါးအား (၇.၁၀.၂၀၂၃)ရက်နေ့အထိ လှူဒါန်းသွားမည်ဖြစ်ကာ စစ်ကိုင်း၊ မင်းဝံ၊ မင်းကွန်း တောင်ရိုး သုံးရပ်ရှိ ရဟန်း၊ သာမဏေ၊ သူတော်နှင့် သီလရှင်များအား (၁၃.၁၀.၂၀၂၃) ရက်နေ့မှ (၂၂.၁၀.၂၀၂၃)ရက်နေ့အထိ အလှည့်ကျ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။