(၂၈) ကြိမ်မြောက် ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ့နုဂ္ဂဟ စာမေးပွဲစာအောင် ဆုနှင်းသဘင်အခမ်းအနားကျင်းပ

(၂၈) ကြိမ်မြောက် ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ့နုဂ္ဂဟ စာမေးပွဲစာအောင် ဆုနှင်းသဘင်အခမ်းအနားကျင်းပ

(၁၆-၈-၂၀၂၃)ရက်နေ့

၂ဝ၂၃ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်၌ ရမည်းသင်းခရိုင်၊ ရမည်းသင်း မြို့နယ်၊ ဝါတိုးရပ်ကွက်၊ သီလဝ(၂) ရပ်ရှိ သာသနာ့ဂုဏ်ရောင် သာသနာ့ဗိမ္မန်တော်ကြီးတွင် ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ သြဝါဒါစရိယဆရာတော်ကြီးများ ဦးဆောင်ကြီးမှုးကျင်းပသည့် (၂၈) ကြိမ်မြောက် ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ့နုဂ္ဂဟစာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် စာအောင်သံဃာတော်များအား ဆုဆက်ကပ်ချီးမြင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆုနှင်းသဘင်အခမ်းအနားသို့ သြဝါဒါစရိယဆရာတော်ကြီးများဖြစ်သည့် ဘဒ္ဒန္တအာဒိစ္စဝံသ (နဘူးကျင်းကျောင်းဆရာတော်)၊ ဘဒ္ဒန္တနန္ဒောဘာသ (ရန်အောင်မင်းကျောင်းပရိယတ္တိစာသင်တိုက်)၊ ဘဒ္ဒန္တဂန္ထသာရ (ရန်အောင်မြင်ပရိယတ္တိစာသင်တိုက်) ပါသြဝါဒါဆရာတော်ကြီး (၁၁)ပါး၊ ရမည်းသင်းမြို့နယ် သံဃနာယက ဒုတိယဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တဇောတိက၊ အကျိုးတော်ဆောင် ဆရာတော်များ၊ စုစုပေါင်း(၃၅)ပါးခန့်နှင့် စာအောင်သံဃာ (၂၄၄)ပါး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဌေး၊ ခရိုင်သာသနာရေးမှူး ဦးသန်းညွန့်နှင့် ဆွမ်းအလှူရှင် ဟိန်းကိုယ်ပိုင်အထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဉာဏ်တင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ အလှူရှင်များ စုစုပေါင်း (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အစီအစဥ်အရ အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် အလှူရှင်များမှ ရန်အောင်မင်းကျောင်း ပရိယတ္တိစာသင်တိုက်၊ နာယကဆရာတော်ထံမှ ငါးပါးသီလခံယူခဲ့ကြကြောင်းနှင့် ၎င်းနောက်အလှူရှင်များကိုယ်စား ဆရာကြီး ဦးဝင်းရွှေမှ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း လျှောက်တင်ခဲ့ပြီး နဘူးကျင်း ကျောင်းဆရာတော်ကြီးမှ သြဝါဒက ဌာမိန့်ကြားခဲ့ ကာရန်အောင်မင်းကျောင်း ပရိယတ္တိစာ သင်တိုက် နာယကဆရာတော်မှ အလှူရှင်များအား ရေစက်ချတရားဟောကြားခဲ့ကြောင်း၊ (၂၈)ကြိမ်မြောက်ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲသို့ လာရောက် ဖြေဆိုသည့် ရဟန်း/သံဃာ ပထမကြီးတန်း(၁၈)ပါး၊ ပထမလတ်တန်း(၁၉)ပါး၊ ပထမငယ်တန်း (၆၅)ပါး၊ အခြေပြုမူလတန်း(၆၉)ပါး၊ တတိယအဆင့်(၃၁)ပါး၊ ဒုတိယအဆင့်(၆၉)ပါး၊ ပထမ အဆင့်(၁၁၅)ပါး၊ စုစုပေါင်း (၃၈၆)ပါး ဖြေဆိုခဲ့ပြီး စာအောင်သံဃာများမှာ ပထမကြီးတန်းတွင် (၉)ပါး၊ ပထမလတ်တန်းတွင် (၈)ပါး၊ ပထမငယ်တန်းတွင်(၃၂)ပါး၊ အခြေပြုမူလတန်းတွင်(၄၂)ပါး၊ တတိယအဆင့်တန်းတွင်(၂၅)ပါး၊ ဒုတိယအဆင့်တန်းတွင် (၄၆)ပါး၊ ပထမအဆင့်တန်းတွင်(၈၂)ပါး၊ စုစုပေါင်း(၂၄၄)ပါး ဖြေဆိုအောင်မြင်ခဲ့ကြကြောင်း၊ ဆက်လက်ပြီး စာအောင်သံဃာများအား စာအောင်လက်မှတ်နှင့် ဆုချီးမြှင့်ဆက်ကပ်လှူဒါန်းခဲ့ရာ ပထမကြီးတန်းအောင် သံဃာတစ်ပါးလျှင် (၆၀၀၀၀)ကျပ်၊ ပထမလတ်တန်းတစ်ပါးလျှင် (၅၅၀၀၀)ကျပ်၊ ပထမငယ်တန်းတစ်ပါးလျှင် (၅၀၀၀၀)ကျပ်၊ အခြေပြုမူလတန်းတစ်ပါးလျှင် (၅၀၀၀၀)ကျပ်၊ တတိယအဆင့်တန်းတစ်ပါးလျှင် (၄၀၀၀၀)ကျပ်၊ ဒုတိယအဆင့်တန်းတစ်ပါးလျှင် (၃၀၀၀၀)ကျပ်၊ ပထမအဆင့်တန်းတစ်ပါးလျှင် (၂၀၀၀၀)ကျပ်ဖြင့် စုစုပေါင်းဆုချီးမြင့်ငွေ (၈၇)သိန်း ကျပ်လှူဒါန်းခဲ့ကာ စာအောင်ဆုချီးမြင့်ပွဲ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆိုပြီးဆုံးခဲ့ကြောင်းနှင့် အဆိုပါစာအောင် သံဃာ(၂၄၄)ပါးအား အကျိုးတော်ဆောင်ဆရာတော်များမှ ဦးဆောင်၍ နေပြည်တော်တွင် တည်ထားကိုးကွယ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ဘုရားကြီးဖူးမျော်ရန် လိုက်ပါပို့ဆောင်ခဲ့ကြ ကြောင်းသတင်းရရှိပါသည်။