မဟာအောင်မြေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများထံသို့ “အခြေခံစားသောက်ကုန်များ ထောက်ပံ့ခြင်း အခမ်းအနား”

အခြေခံစားသောက်ကုန်များ ထောက်ပံ့ခြင်း အခမ်းအနား

(၂၉-၈-၂၀၂၃) ရက်နေ့

၂ဝ၂၃ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းအချိန်၌ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေ မြို့နယ်၊ မဟာအောင်မြေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းများ ထံသို့ “အခြေခံစားသောက်ကုန်များ ထောက်ပံ့ခြင်း အခမ်းအနား” ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဦးနှင့် ဝန်ထမ်းများ စုစုပေါင်း (၄၇)ဦး တက်ရောက်ခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဝန်ထမ်းတစ်ဦးချင်းစီအတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်(၂)ပြည်၊ ဆီ(၅ဝ)ကျပ်သား၊ ဆား(၅ဝ)ကျပ်သား၊ ကြက်ဥ(၁ဝ)လုံးစီဖြင့် စုစုပေါင်း ဆန်(၃)အိတ် (၂၂)ပြည်၊ ဆီ (၂၃)ပိဿာ(၅ဝ)ကျပ်သား၊ ဆား(၂၃)ပိဿာ(၅ဝ)ကျပ်ဿား၊ ကြက်ဥ(၄၇ဝ)လုံး တို့အား ထောက်ပံ့ ပေးအပ်ခဲ့ရာ ၀န်ထမ်းများမှ လက်ခံခဲ့ကြောင်း သတင်းရရှိပါသည်။