အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ခြင်း

အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ခြင်း

(၂၃-၈-၂၀၂၃)ရက်နေ့

၂ဝ၂၃ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့မဈေးရှေ့၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ဝက်သား၊ ကြက်သား၊ ငါးနှင့် ဆပ်ပြာ ဆီဗူး တို့အား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခဲ့ခြင်းဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။