သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာအုပ်စု၊ တွင်းငယ်ကျေးရွာရှိ နန္ဒမာလာရာမကျောင်းတိုက်တွင် သံဃာတော်များနှင့် သာမဏေများအား ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းကပ်လှူပူဇော်ခြင်း

သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာအုပ်စု၊ တွင်းငယ်ကျေးရွာရှိ နန္ဒမာလာရာမကျောင်းတိုက်တွင် သံဃာတော်များနှင့် သာမဏေများအား ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းကပ်လှူပူဇော်ခြင်း

၃-၈-၂၀၂၃ ရက်နေ့

၂၀၂၃ ဩ ၀၂ ၀၉၀၀ ချိန်မှ ၁၁၀၀ ချိန်ထိ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာအုပ်စု၊ တွင်းငယ်ကျေးရွာတွင်‌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားမှုဖြင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများမှ ကြီးကြပ်၍အလှူရှင်များ၊ ရပ်မိရပ်ဖများ၊‌ ဒေသခံပြည်သူများစုပေါင်း၍ နန္ဒမာလာရာမကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်များဖြစ်သည့် ဥူးရေဝတာလင်္ကာရ၊ ဥူးပညာသာရတို့ကို အမှူးပြု၍ သံဃာတော်၁၃ပါး၊ သာမဏေ(၅၀)ပါးအား ဝါဆိုသင်္ကန်း (၂၃၅)စုံ ကပ်လှူခြင်း ဝါဆိုပန်းကပ်လှူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။