ပညာရေးဝန်ကြီးဌာန
ပညာရေးဝန်ကြီးဌာန ရည်မှန်းချက်
၁။ | တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလ ငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းရေးကို ဦးတည်လေ့ကျင့်ပေးရန် |
၂။ | ပြည်သူ့နီတိနှင့် ဒီမိုကရေစီကျင့်စဉ်များဖြင့် ဥပေဒကို လေးစား လိုက်နာသော နိုင်ငံသားများ ဖြစ်လာစေရေးအတွက် လေ့ကျင့် ပြုစု ပျိုးထောင်ပေးရန်၊ |
၃။ | ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်း အမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို တန်ဖိုးထား၍ ထိန်းသိမ်း မြှင့်တင်နိုင်ပြီး ယင်းတို့ကို လက်ဆင့်ကမ်းနိုင် သည့် နိုင်ငံသားများ ဖြစ်လာစေရန်၊ |
၄။ | ပညာအခြေပြု လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော လူသားအရင်းအမြစ်များကို လေ့ကျင့်ပြုစုပျိုးထောင် ပေးရန်၊ |
၅။ | နိုင်ငံတာအဆင့်မီပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများကို ထိရောက်စွာ အသုံးပြုခြင်းဖြင့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသနနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်း များ၏ အရည်အသွေး မြင့်မားလာစေရန်၊ |
၆။ | ပညာရပ်နယ်ပယ်အလိုက် ကျွမ်းကျင်စွာ တတ်မြောက်သော ထူးချွန် ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာနှင့် သက်မွေး ပညာဆိုင်ရာ ကျွမ်းကျင်သူများကို လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်။ |
၇။ | အားကစားကဏ္ဍကို အားပေးမြှင့်တင်ခြင်းနှင့် ကျောင်း ကျန်းမာရေး လုပ်ငန်းများကို စနစ်တကျ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်စေရန် |
၈။ | နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူ ခွင့်ကို နိုင်ငံသားတိုင်း ခံစားရရှိစေရန် |
၉။ |
မဟာဗျူဟာများ၊ မူဝါဒများနှင့်ယင်းတို့ကို အကောင်အထည် ဖော်ဆောင်ရွက်မှု၊ စီမံချက်၊ ပညာရေးဖွံ့ဖြိုးမှု စီမံကိန်းများကို လည်းကောင်း၊ ပညာရေးနှင့်သက်ဆိုင်သည့် ဥပဒေများ၊ တစ်ခြား လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်သော သတင်း အချက်အလက်များကိုလည်းကောင်း၊ ပြည်သူလူထုက သိရှိ ရယူနိုင်ရန်၊ |
မန္တလေးတိုင်းအတွင်း ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် တက္ကသိုလ်များ