URC (သုတေသနအဆောင်)သို့ ကြည့်ရှုစစ်ဆေး

မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ်ဝန်းအတွင်းရှိ

URC (သုတေသနအဆောင်)သို့ ကြည့်ရှုစစ်ဆေး

(၁၇-၈-၂၀၂၃)ရက်နေ့

၂ဝ၂၃ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ မွန်းလွှဲပိုင်းအချိန်၌ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် တက္ကသိုလ်ရပ်ကွက်၊ မန္တလေးတက္ကသိုလ်ဝန်းအတွင်းရှိ URC(သုတေသနအဆောင်)သို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းနှင့်အဖွဲ့တို့သည် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမောင်မောင်ဝင်း၊ ဒေါက်တာသုနန္ဒာ၊ ဒေါက်တာနီနီအောင်၊ ဒေါက်တာသဇင်၊ ဌာနမှူးများ၊ ဆရာ/ ဆရာမများနှင့် URC သုတေသနလက်တွေ့အခန်းတွင် တွေ့ဆုံ ခဲ့ကြပြီး လက်တွေ့သုတေသနအခန်းများအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြောင်းနှင့် လိုအပ်သည်များမှာကြားကာ တံတားဦးလေဆိပ်သို့ ပြန်လည်ထွက်ခွာသွားပါကြောင်း သတင်းရရှိပါသည်။