ဆင်းရဲချို့တဲ့သည့်အိမ်ထောင်စုများအား(ဒုတိယအကြိမ်) အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းပွဲကျင်းပခဲ့သည့် အခမ်းအနား

ဆင်းရဲချို့တဲ့သည့်အိမ်ထောင်စုများအား(ဒုတိယအကြိမ်) အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းပွဲကျင်းပခဲ့သည့် အခမ်းအနား

(၁၄-၈-၂၀၂၃)ရက်နေ့

၂၀၂၃ သြဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်၌ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုဇယားပေါက်ပြီး ဆင်းရဲချို့တဲ့သည့် အိမ်ထောင်စုများအား(ဒုတိယအကြိမ်) အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းပွဲကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ အဖွဲ့ဝင် ဦးထွန်းထွန်းဝင်း၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြသည်။

အဆိုပါ လှူဒါန်းပွဲတွင် ရပ်ကွက်အတွင်းရှိ ဆင်းရဲချို့တဲ့သည့်အိမ်ထောင်စု (၃၆)စုအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည်၊ ဆီ(၅ဝ)သား၊ ကြက်ဥ (၁၄)လုံး၊ ကြက်သွန်နီ(၅ဝ)သား၊ အိုင်အိုဒင်းဆား(၁)ထုပ်နှင့် ငွေကျပ်(၅ဝဝဝိ/-) တို့အား ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။