၂၀၂၃ ခုနှစ် ဗထူးကွင်းဖွင့်ဖလား ကလပ်ပေါင်းစုံ ဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် ဗထူးကွင်းဖွင့်ဖလား ကလပ်ပေါင်းစုံ ဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၁၇-၈-၂၀၂၃ရက် နေ့

၂ဝ၂၃ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ ညနေ့ပိုင်းအချိန်၌ ၂ဝ၂၃ခုနှစ် ဗထူးကွင်းဖွင့်ဖလားကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ ဗထူး အားကစားကွင်း၌ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ကလပ်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ ဝါသနာရှင်များ တက်ရောက်ခဲ့ပြီး မန္တလာအသင်းနှင့် ကြယ်စင်စုအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြကာ မန္တလာအသင်းက ကြယ်စင်စုအသင်းကို (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

၎င်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်တို့က တတိယဆုရ Shaning Star အသင်း အား တစ်ဦးချင်းစီဆုတံဆိပ်များနှင့် ငွေသားဆုကျပ်(၅)သိန်း၊ ဒုတိယဆုရ ကြယ်စင်စုအသင်းအား တစ်ဦးချင်းစီဆုတံဆိပ်များနှင့် ငွေသားဆုကျပ်(၁၀)သိန်းတို့ကိုလည်းကောင်း၊ ဝန်ကြီးချုပ်က ပထမဆုရ မန္တလာ အသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ တံခွန်စိုက်ဖလားနှင့် ငွေသားဆုကျပ်(၁၅)သိန်းတို့ကို လည်းကောင်း ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။