ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး"သဘာဝဆိုးဆေးနည်းသင်တန်း" ဖွင့်ပွဲအခမ်းအနား

ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့ ပူးပေါင်းဖွင့်လှစ်သည့် “သဘာဝဆိုးဆေးနည်းသင်တန်း” ဖွင့်ပွဲအခမ်းအနား

(၂၃-၈-၂၀၂၃)ရက်နေ့

၂ဝ၂၃ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းအချိန်၌အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ လေးစုရပ်ကွက်ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံကျောင်း၌ မန္တလေးတိုင်းဒေသကြီး ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့ ပူးပေါင်းဖွင့်လှစ်သည့် “သဘာဝဆိုးဆေးနည်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဌ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာ ဝန်ကြီး ဦးအောင်မင်း၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတိုးဝင်းတို့ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားအား အစီအစဥ်(၅)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ၊ ကျောင်းအုပ်ကြီး ဒေါ်တင့်တင့်မှ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းနှင့် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးအောင်မင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများအား နံနက်စာဖြင့် ဧည့်ခံခဲ့ပါကြောင်း သတင်းရရှိပါသည်။