ငါန်းဇွန်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

မိုးလယ်သီးနှံများ စိုက်ပျိုးရန် မြေယာပြုပြင်ဖေါ်ထုတ်နေမှုနှင့် ကျန်ရှိ လှပ်မြေများ အပြည့်အဝ ပြန်လည်ဖေါ်ထုတ်စိုက်ပျိုးနိုင်ရေး

ငါန်းဇွန်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

(၂၂-၈-၂၀၂၃)ရက်နေ့

 

          ၂ဝ၂၃ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်၌ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်း လှပ်မြေဧရိယာများ ပြန်လည်ဖေါ်ထုတ်စိုက်ပျိုးနိုင်ရေးအတွက် (၂၇၅)ဧက လျာထားဆောင်ရွက် လျက်ရှိရာ ယနေ့ထိ (၂၁၆)ဧက ပြန်လည်ဖေါ်ထုတ်စိုက်ပျိုးနိုင်ခဲ့ပြီး ကျန်ရှိလျာထား(၅၉)ဧက အား အချိန်မီ ဖေါ်ထုတ်စိုက်ပျိုးနိုင်ရေးအတွက် ရွာသစ်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ(၁)ဦး၏ လှပ်မြေ (ဝ.၈၀)ဧကပေါ်တွင် မိုးလယ်သီးနှံများ စိုက်ပျိုးရန် မြေယာပြုပြင်ဖေါ်ထုတ်နေမှုနှင့် ကျန်ရှိလှပ်မြေ များ အပြည့်အဝပြန်လည်ဖေါ်ထုတ် စိုက်ပျိုးနိုင်ရေးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့မှုအား သတင်းရရှိပါသည်။