အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဝါတွင်းကာလသံဃာ့ဒါန ဆွမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်

ဝါတွင်းကာလသံဃာ့ဒါန ဆွမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ

၁၇ - ၈ - ၂ဝ၂၃ ရက်နေ့ 

၂ဝ၂၃ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဝါတွင်းကာလသံဃာ့ဒါန ဆွမ်းလောင်းလှူပွဲအခမ်းအနားကို မန္တလေးနန်းမြို့အရှေ့ဘက် ရတနာပုံဥယျာဉ်တွင် ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်)၊ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီးဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တထုတိဝရအမှူးပြုသော သံဃာတော်များကြွရောက်ချီးမြှင့်တော်မူခဲ့သည်။

အဆိုပါ သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲသို့ မန္တလေးလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီးဒေါ်မမ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်ဇနီး ဒေါ်ထားထားဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ၎င်းတို့၏ဇနီးများ၊ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ မန္တလေတိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်)၊ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီးဆရာတော်အမှူးပြုသော သံဃာတော်အပါး(၃၀၀)အား ဝန်ကြီးချုပ်၊ တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်မိသားစုများက ဆွမ်း၊လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူခဲ့ကြသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး တို့သည် အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်သို့သွားရောက်၍ အသက်(၉၁)နှစ် သိက္ခာတော်(၇၁)ဝါရှိ မဟာဂန္ဓာရုံကျောင်းတိုက်နာယကချုပ်ဆရာတော်၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တအိန္ဒြောဘာသာဘိဝံသအား ဖူးမြော်ခဲ့ပြီး ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများနှင့်ပတ်သက်၍ လျှောက်ထားကာလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။