ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်သည့် အခမ်းအနား

ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်သည့် အခမ်းအနား

(၁၄-၈-၂၀၂၃)ရက်နေ့

၂၀၂၃ သြဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်၌ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီး မျက်ရှင်ရပ်ကွက်၊ လမ်း ၆ဝ၊ ၃၂×၃၃ လမ်းကြားရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် နဂါးသားဖွားခန်းတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနား ကျင်ပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်သီတာအောင်၊ ခရိုင်နှင့် မြို့နယ် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းလင်းချစ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ကလေးငယ်များ၊ စုစုပေါင်း (၇ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ အခမ်း အနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းလင်းချစ်မှ မိခင်နို့ စနစ်တကျ တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့ပြီး ဒေါ်သီတာအောင်နှင့် တာဝန်ရှိသူများမှကိုယ်ဝန်ဆောင် အမျိုးသမီးများအား အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်၍ ကလေးငယ်များအား ဗီတာမင်အေဆေးလုံး တိုက်ကျွေးကာ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ သည်ဟု သတင်းရရှိပါသည်။