ပြည်သူများအတွက် အခြေခံစားသောက်ကုန် များအား သက်သာသော ဈေးနှုန်းထားများဖြင့် ရောင်းချပေးခြင်း

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန် များအား သက်သာသော ဈေးနှုန်းထားများဖြင့် ရောင်းချပေးခြင်း

(၁၅-၈-၂၀၂၃)ရက်နေ့

၂၀၂၃ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်း မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည် မြို့နယ်၊ မြို့သစ် (၂) ရပ်ကွက်၊ ၁ဝ၇ လမ်းနှင့် ၇၃ လမ်းထောင့်ရှိ MIIT ကျောင်းရှေ့တွင် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းထားများဖြင့် ရောင်းချပေးခဲ့ရာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စျေးနှင့်သားသတ်ဌာန၊ ဌာနမှူး ဦးသက်နိုင် ဦးစီး ဝန်ထမ်းများမှ ဧည့်မထဆန် (၁)ပြည် (၂၅၀၀)ကျပ်နှုန်းဖြင့် ပြည် (၈၄၀)၊ စားအုန်းဆီ (၁) ပိဿာ (၅၂၀၀)ကျပ်နှုန်းဖြင့် ပိဿာ(၅၀၀)၊ ကြက်ဥ (၁)လုံး (၂၄၀)ကျပ်နှုန်းဖြင့် အလုံးရေ (၂၀၆၅)၊ ဘဲဥ (၁) (၃၁၀)ကျပ်နှုန်းဖြင့် အလုံးရေ (၂၅၀)၊ ဝက်သား (၁)ပိဿာ (၁၄၀၀၀)ကျပ်နှုန်းဖြင့် ပိဿာ(၁၄၀)၊ အမဲသား (၁)ပိဿာ (၁၄၀၀၀)ကျပ်နှုန်းဖြင့် ပိဿာ(၄၀) ၊ ငါးမုတ် တစ်ပိဿာလျင် ၄၂၀၀ကျပ်နှုန်းဖြင့် (၁၀)ပိဿာ၊ ငါးအုံတုံ (၁)ပိဿာ (၇၀၀၀)ကျပ်နှုန်းဖြင့် (၁၀)ပိဿာ၊ ငါးတန် (၁)ပိသာ (၄၀၀၀) ကျပ်နှုန်းဖြင့် ပိဿာ(၁၀)၊ ငါးမြစ်ချင်း (၁)ပိဿာ (၆၀၀၀)ကျပ်နှုန်းဖြင့် (၁၀)ပိဿာ၊ ငါးကြင်းဖြူ (မန္တလေး) (၁)ပိဿာ (၉၀၀၀)ကျပ်နှုန်းဖြင့် (၁၀)ပိဿာ ၊ ခရမ်းချဉ်သီး (၁)ပိဿာ (၂၀၀၀)ကျပ်ဖြင့် (၂၅)ပိဿာ၊ ပန်းဂေါ်ဖီ (၁)ထုပ် (၆၀၀)ကျပ်ဖြင့် အထုပ်(၅၀)တို့အား ပြင်ပပေါက်စျေးများထက် အထူးသက်သာသော ဈေးနှုန်းထားများဖြင့်ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။