မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းထားများဖြင့် ရောင်းချခဲ့ခြင်း

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းထားများဖြင့် ရောင်းချခဲ့ခြင်း

(၂၄-၈-၂၀၂၃)ရက်နေ့

          ၂ဝ၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းအချိန်၌ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံ မြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက်(၂၄)၊ (၇၅ X ၇၆)လမ်းကြား၊ (၈X၉)လမ်းကြားရှိ “မိဘဈေး” တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးနှင့်သားသတ်ဌာန၊ ဌာနမှူး ဉီးသက်နိုင် ဦးစီးသည့် ဝန်ထမ်းများမှ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများအတွက် အခြေခံ စားသောက်ကုန်များအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် ဆန်(ဆင်းသွယ် လတ်)(၁)ပြည်လျှင်(၃ဝဝဝ)ကျပ်၊ စားအုန်းဆီ(၁)ပိဿာ(၅၈ဝဝ)ကျပ်၊ ကြက်ဥ(၁)လုံးလျှင်(၂၄၅)ကျပ်၊ ဘဲဥ (၁)လုံးလျှင်(၃ဝဝ)ကျပ်၊ ငါးကြင်းဖြူ (ရန်ကုန်)(၁)ပိဿာလျှင်(၁၅ဝဝဝ)ကျပ်၊ ငါးကြင်းဖြူ(မန္တလေး) (၁)ပိဿာလျှင်(၉ဝဝဝ)ကျပ်၊ ငါးမြစ်ချင်း(၁)ပိဿာလျှင်(၆ဝဝဝ)ကျပ်၊ ငါးတန်(၁)ပိဿာ (၄ဝဝဝ)ကျပ်၊ ငါးမုတ်(၁)ပိဿာလျှင်(၄ဝဝဝ)ကျပ်၊ တီလားဗီးယား(၁)ပိဿာလျှင်(၅ဝဝဝ)ကျပ်၊ ငါးဖယ်ခြစ်(၁)ပိဿာ လျှင် (၁၆ဝဝဝ)ကျပ်၊ ဝက်သား (၁) ပိဿာလျှင်(၁၄ဝဝဝ)ကျပ်၊ အမဲသား(၁)ပိဿာလျှင်(၁၄ဝဝဝ)ကျပ်၊ ကြက်သား(၁)ပိဿာလျှင် (၈ဝဝဝ)ကျပ်၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင်(၂ဝဝဝ) ကျပ်နှုန်းတို့ဖြင့် ပြင်ပ ပေါက်ဈေးများထက် အထူးသက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။