အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်း

အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်း

၂-၈-၂၀၂၃ ရက်နေ့

၁။ ၂၀၂၃ ဩ ၀၂ ၀၆၃၀ မှ ၁ဝ၃ဝ ချိန်ထိ မဟာအောင်မြေမြို့နယ်၊ ​စိန်ပန်းရပ်ကွက်၊ ဂွမ်းရုံရပ်၊ ၃၅×၃၇ လမ်းကြား၊ ၉၁ လမ်းရှိ စိန်ပန်းဈေးတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်း ရှင်များအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ရာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စျေးနှင့် သားသတ်ဌာန၊ ဌာနမှူး ဦးသက်နိုင် ဦးစီးဝန်ထမ်းများ၊ စားသုံးသူရေးရာမှ ဦးစီးအရာရှိ ဦးမျိုးထွန်းနှင့်ဝန်းထမ်းများမှ စားအုန်း ဆီတစ်ပိဿာလျင် ၅၂၀၀ ကျပ်နှုန်းဖြင့် ပိဿာ ၅၀၀၊ ကြက်ဥ တစ်လုံးလျင် ၂၄၀ ကျပ်နှုန်းဖြင့် အလုံးရေ ၃၀၀၀ ၊ ဘဲဥ တစ်လုံးလျင် ၃၀၀ ကျပ်နှုန်းဖြင့် အလုံးရေ ၅၀၀၊ ဝက်သား တစ်ပိဿာလျင် ၁၄၀၀၀ ကျပ်နှုန်းဖြင့် ပိဿာ ၁ဝ၀၊ အမဲသား တစ်ပိဿာလျင် ၁၄၀၀၀ ကျပ်နှုန်းဖြင့် ၂၀ ပိဿာ၊ တီလားဗီးယား တစ်ပိဿာလျင် ၅၀၀၀ ကျပ်နှုန်းဖြင့် ၃၀ ပိဿာ၊ ငါးမုတ် တစ်ပိဿာလျင် ၄ဝ၀၀ ကျပ်နှုန်းဖြင့် ၃၀ ပိဿာ၊ ငါးတန် တစ်ပိဿာလျင် ၄ဝ၀၀ ကျပ်နှုန်းဖြင့် ၃၀ ပိဿာ၊ ငါးမြစ်ချင်း တစ်ပိဿာလျင် ၆၀၀၀ ကျပ်နှုန်းဖြင့် ၃၀ ပိဿာ၊ ရွှေငါး တစ်ပိဿာလျင် ၆၉၀၀ ကျပ်နှုန်းဖြင့် ၁ဝ ပိဿာ၊ ငါးကြင်းခြစ်(မန္တလေး) တစ်ပိဿာလျင် ၉၀၀၀ ကျပ်နှုန်းဖြင့် ၁၀ ပိဿာ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျင် ၇၀၀ ကျပ်နှုန်းဖြင့် အထုပ် ၂၀ ၊ ဂေါ်ရခါးသီး တစ်လုံးလျင် ၂၀၀ ကျပ်နှုန်းဖြင့် အလုံး ၅၀၊ ခရမ်းချဉ်သီး တစ်ပိဿာလျင် ၁၈၀၀ ကျပ်ဖြင့် ၇၀ ပိဿာ၊ ပန်းဂေါ်ဖီ တစ်ထုပ်လျင် ၈၀၀ ကျပ်ဖြင့် အထုပ် ၄၀ တို့၊ ပြောင်းဖူး တစ်ဖူးလျင် ၃၀၀ နှုန်းဖြင့် ၁၀၀ ဖူး၊ ချဉ်ပေါင်ရွက် တစ်စည်းလျင် ၁ဝဝ ကျပ်ဖြင့်၊ ၁ဝဝ စည်း၊ ရုံးပတီသီး တစ်ထုပ်လျင် ၃၀၀ ကျပ်ဖြင့် အထုက် ၃၀ တို့အား ပြင်ပ ပေါက်စျေး များထက် ၄၀ ကျပ်မှ ၄၀၀၀ ကျပ်အတွင်း အထူးသက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့။

၂။ အဆိုပါ ဈေးရောင်းချရာသို့ စည်ပင်သာယာရဲတပ်ဖွဲ့မှ ဒုရဲအုပ်အောင်ကျော်မင်း ဦးစီး ၁+၄ ဦး၊ စိန်ပန်းရပ်ကွက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြတ်သူ ဦးစီးပြည်သူ့စစ်အဖွဲ့ဝင်(၅)ဦးတို့မှ လုံခြုံရေး ဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် ထူးခြားမှုတစ်စုံတစ်ရာမရှိ‌ပါကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်။