“လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်း” အသိပညာပေးဟောပြောပွဲ

“လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်း” အသိပညာပေးဟောပြောပွဲ

(၂၂-၈-၂၀၂၃)ရက်နေ့

          ၂ဝ၂၃ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်၌ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ အ.ထ.က (၇) ကျောင်းတွင် ချမ်းမြသာစည်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ “လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်း” အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ အမျိုးသမီးရေးရာအဖွဲ့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ဝတ်ရည်လှိုင် လူကုန်ကူးတားဆီးနှိမ်နင်းအဖွဲ့မှ ရဲအုပ် ကိုကိုမျိုး တို့မှ လူကုန်ကူးတားစီးနှိမ်နင်းကာကွယ်ရေးအ​ကြောင်း သက်ငယ်မုဒိန်းမှုပပျောက်ရေး အကြောင်း ဟောပြောခဲ့ပြီး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဇော်မျိုးလွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အကြောင်းအရာများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့မှ ရဲမှုး နိုင်အောင်ခိုင် တို့မှ အသိပညာပေးများဟောပြောခဲ့ကြောင်းနှင့် လက်ကမ်းစာစောင်များအား ပေးဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။