စျေးချိုရပ်ကွက်၊ စစ်ကိုင်း-မန္တလေးလမ်းမကြီး၊ ရုံးပေါင်းစုံရှေ့၌ အမရပူရမြို့နယ်အုပ်ချုပ်ရေးမှူးရုံးအတွင်းရှိ ဝါဆိုဆရာတော်/ သံဃာတော်အပါး (၁၀၀)အား ဆွမ်းလောင်းလှူခြင်း

 

စျေးချိုရပ်ကွက်၊ စစ်ကိုင်း-မန္တလေးလမ်းမကြီး၊ ရုံးပေါင်းစုံရှေ့၌ အမရပူရမြို့နယ်အုပ်ချုပ်ရေးမှူးရုံးအတွင်းရှိ ဝါဆိုဆရာတော်/ သံဃာတော်အပါး (၁၀၀)အား

ဆွမ်းလောင်းလှူခြင်း

(၁၆-၈-၂၀၂၃)ရက်နေ့

၂ဝ၂၃ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်၌ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ စျေးချိုရပ်ကွက်၊ စစ်ကိုင်း-မန္တလေးလမ်းမကြီး၊ အမရပူရမြို့နယ်ရုံးပေါင်းစုံရှေ့၌ ဝါဆိုဆရာတော်/ သံဃာတော်အပါး (၁၀၀)တို့အား ဆွမ်းလောင်းလှူပွဲကျင်းပရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ခိုင်ရွှေရည်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင် သောအဖွဲ့မှ အန္တရာယ်ကင်းပရိတ်တရားတော်များနာကြားခြင်း၊ ငါးပါးသီလခံယူစောင့်တည်ခြင်း၊ ရေစက်ချအမျှဝေခြင်းများ ပြုလုပ်ခဲ့ပြီး ကြွရောက်လာသော သံဃာတော်များအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်း၊ ဝတ္ထုငွေအစုစုတို့အား လောင်းလှူခဲ့ပါကြောင်း သတင်းရရှိပါသည်။