ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းထားများဖြင့် ရောင်းချပေးခြင်း

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းထားများဖြင့် ရောင်းချပေးခြင်း

(၁၀-၈-၂၀၂၃) ရက်နေ့

၂ဝ၂၃ ခုနှစ် သြဂုတ်လ(၁ဝ)ရက်နေ့ နံနက်ပိုင်း၌ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ MT​​2 ရပ်ကွက် မြနန္ဒာစျေးအတွင်း ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းထားများဖြင့် ရောင်းချပေးခြင်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီးစားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီးဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်း ထားများဖြင့်ရောင်းချပေးခဲ့ရာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စျေးနှင့်သားသတ်ဌာန၊ ဌာနမှူးဦးသက်နိုင်နှင့် ဌာနဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ဆန်(၁)ပြည်(၂၅ဝဝ)ကျပ်နှုန်းဖြင့် ဆန်(၈၄၀)ပြည်၊ စားအုန်းဆီ(၁)ပိဿာ(၅၂၀၀) ကျပ်နှုန်းဖြင့် ပိဿာ (၅၀၀)၊ ကြက်ဥ(၁)လုံး (၂၄၀)ကျပ်နှုန်းဖြင့် အလုံးရေ (၂၀၆၅)၊ ဘဲဥ(၁)လုံး (၃၁၀)ကျပ် နှုန်းဖြင့် အလုံးရေ (၂၅၀)၊ ဝက်သား (၁)ပိဿာ (၁၄၀၀၀)ကျပ်နှုန်းဖြင့် ပိဿာ(၁၄၀)၊ အမဲသား (၁)ပိဿာ (၁၄၀၀၀)ကျပ်နှုန်းဖြင့် ပိဿာ (၄၀)၊ ငါးမုတ် (၁)ပိဿာ (၄၂၀၀)ကျပ်နှုန်းဖြင့် ပိဿာ(၁၀)၊ ငါးအုံတုံ(၁)ပိဿာ (၇၀၀၀)ကျပ်နှုန်းဖြင့် ပိဿာ(၁၀)၊ ငါးတန်(၁) ပိဿာ(၄၀၀၀)ကျပ်နှုန်းဖြင့် ပိဿာ(၁၀)၊ ငါးမြစ်ချင်း (၁)ပိဿာ (၆၀၀၀) ကျပ်နှုန်းဖြင့် ၁၀(ပိဿာ)၊ ငါးကြင်းဖြူ(မန္တလေး) (၁)ပိဿာ(၉၀၀၀)ကျပ် နှုန်းဖြင့် ၁၀(ပိဿာ)၊ ခရမ်းချဉ်သီး (၁)ပိဿာ (၂၀၀၀)ကျပ်ဖြင့် (၂၅)ပိဿာ၊ ပန်းဂေါ်ဖီ (၁)ထုပ်(၆၀၀)ကျပ်ဖြင့် အထုပ်(၅၀)တို့အား ပြင်ပပေါက်စျေးများထက် အထူးသက်သာသော ဈေးနှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။